Politics, Law & Military
အိန္ဒိယ နိုင်ငံ အနေဖြင့် လက်တွေ့ဆောင်ရွက်မှုများဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းသွားရန် မျှော်လင့်ကြောင်း တရုတ် နိုင်ငံ ပြောကြား
ပေကျင်း ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံ မှ လက်တွေ့ ကျသော ဆောင်ရွက်မှုများဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ကို ထိမ်းသိမ်းသွားရန် မျှော်လင့်ပြီး နိုင်ငံတကာ ကိစ္စရပ်များ တွင် အပြုသဘောဆောင်သည့် သက်ရောက်မှု ဖြစ်စေရန် ယုံကြည်ကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က ဇူလိုင် ၂၂ ရက် ၌ ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။
သတင်းဖော်ပြချက်များ အရ အိန္ဒိယ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး က ဇူလိုင် ၂၀ ရက် ၌ ကျင်းပပြုလုပ် အစည်းအဝေး တွင် ဘက်မလိုက်ဝါဒသည် အထူးအချိန်အခါတွင် အသုံးပြုသည့် ပထဝီ နိုင်ငံရေး အသုံးအနှုန်း ဖြစ်ကြောင်း နှင့် အိန္ဒိယ နိုင်ငံ အနေဖြင့် အုပ်စုဖွဲ့သည့် စနစ် တွင် မည်သည့် အချိန် မှ ပါဝင်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။
ဝမ်းဝန်ပင်း က အဆိုပါ သတင်းဖော်ပြချက်များ ကို ဂရုစိုက်မိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံကို ကမ္ဘာ့အဆင့်ဆင့် ပြောင်းလဲမှု တွင် အရေးပါသော အင်အား တစ်ခု အဖြစ် ခိုင်မာလွတ်လပ်သော နိုင်ငံခြားရေးဝါဒ ချမှတ်ကာ လက်တွေ့ဆောင်ရွက်မှုဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အား ထိန်းသိမ်းသွားရန် မျှော်လင့်ကြောင်း နှင့် ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)