Connect with us

Politics, Law & Military

တရုတ်-လက်တင်အမေရိက COVID-19 ရောဂါ ရင်ဆိုင်ဖြေရှင်းရေး ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူး ဗီဒီယို အစည်းအဝေး ကျင်းပ  

တရုတ်-လက်တင်အမေရိက COVID-19 ရောဂါ ရင်ဆိုင်ဖြေရှင်းရေး ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ ဗီဒီယို အထူး အစည်းအဝေး ကျင်းပ ပြုလုပ် နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်- လက်တင်အမေရိက နှင့် ကာရစ်ဘီယံဒေသ နိုင်ငံ များ COVID-19 ရောဂါ ရင်ဆိုင်ဖြေရှင်းရေး ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူး ဗီဒီယို အစည်းအဝေး ကို ဇူလိုင် ၂၃ ရက် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard တို့ က အစည်းအဝေး သဘာပတိ အဖြစ် ပူးတွဲဆောင်ရွက် ခဲ့ပြီး အာဂျင်တီးနား ၊ ဘာဘေးဒိုးစ် ၊ ချီလီ ၊ ကိုလံဘီယာ ၊ ကူတာရီကာ ၊ ကျူးဘား ၊ ဒိုမီနီကာ ၊ အီကွေဒေါ ၊ ပနားမား ၊ ပီရူး ၊ ထရီနီဒက် နှင့် တိုဘာဂို ၊ ဥရုဂွေး စသည့် နိုင်ငံများ မှ နိုင်ငံခြားရေးဝန်ကြီး တို့ က အစည်းအဝေးတက်ရောက် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး တွင် ဝမ်ရိ က ကပ်ရောဂါ စတင် ဖြစ်ပွားချိန် မှ စ၍ တရုတ်-လက်တင်အမေရိက နိုင်ငံတို့သည် အခက်အခဲများ ကို ဖြေရှင်းကာ ဘက်စုံ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လက်တင်အမေရိက နိုင်ငံများ နှင့် အတူ ကပ်ရောဂါ ကြောင့် ဖြစ်ပွားလာသည့် စိန်ခေါ်မှုများကို ရင်ဆိုင်သွားပြီး ကမ္ဘာ့ပြည်သူများ၏ ကျန်းမာရေး လုံခြုံမှု ကို ထိန်းသိမ်းကာ ကမ္ဘာ့စီးပွားရေး ပြန်လည်ထူထောင်ရန် အတွက် တရုတ်-လက်တင်အမေရိက အနေဖြင့် အစွမ်းကုန် ဆောင်ရွက်ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က တရုတ်-လက်တင်အမေရိက နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု အတွက် အချက် ၅ ချက် အဆိုပြု ခဲ့ပြီး ၎င်းတို့မှာ ပြည်သူလူထု အား ဗဟိုပြုသည့် ဆောင်ရွက်မှု ကို ခိုင်မြဲစွာ ဆောင်ရွက်သွားရန် ၊  ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ကို နက်ရှိုင်းစွာ ဆောင်ရွက်သွားရန် ၊  အပြန်အလှန်အကျိုးဖြစ်ထွန်းမှု ကို ခိုင်မြဲစွာ ဆောင်ရွက်သွား ရန် ၊  စီးပွားရေး နှင့် လူမှုရေး အာမခံချက် ရရှိအောင် လက်တွဲဆောင်ရွက်သွားရန် ၊ အခက်အခဲများကြားတွင် အခွင့်အလမ်း ကို ခိုင်မြဲစွာ ရှာဖွေသွားရန် ၊  ရပ်ဝန်း နှင့် ပိုးလမ်းမ ဖော်ဆောင်မှု ကို တွန်းအားပေး ဆောင်ရွက်သွားရန် နှင့် တန်းတူညီမျှမှု ကို ခိုင်မြဲစွာ ထိန်းသိမ်းသွားပြီး ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းစီမံဆောင်ရွက်မှု ကို တိုးချဲ့ ဆောင်ရွက်သွားရန်တို့ဖြစ်ကြောင်း  ပြောကြား ခဲ့သည်။

အစည်းအဝေး တက်ရောက် ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးများ က တရုတ် နိုင်ငံ ၏ နိုင်ငံတကာ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက် တွန်းအားပေး ဆောင်ရွက်ခဲ့ခြင်း နှင့် ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံ မျှဝေ ခဲ့သည့် အပေါ်ချီးမွမ်းကြောင်း ၊ ကာကွယ်ဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်မည့်အချိန်တွင် နိုင်ငံတကာ အများပြည်သူ အားလုံးအသုံးပြုနိုင်မည့် ကုန်ပစ္စည်းအဖြစ် သတ်မှတ်ရန် ကတိပြု ခဲ့ကြောင်း ၊ ကပ်ရောဂါ အား နိုင်ငံရေး အသွင်ဆောင်ခြင်း ၊ နာမည်ဖျက်ခြင်း တို့ ကို ဆန့်ကျင်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် ကဏ္ဍ အသီးသီး တွင် ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားပြီး တရုတ်-လက်တင်အမေရိက ဘက်စုံ မိတ်ဖက်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင် နိုင်ရန် တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။

အစည်းအဝေး ပြီးနောက် တွင် “တရုတ်-လက်တင်အမေရိက COVID-19 ရောဂါ ရင်ဆိုင်ဖြေရှင်းရေး ဆိုင်ရာ နိုင်ငံခြားဝန်ကြီးများ အထူး ဗီဒီယို အစည်းအဝေး ပူးတွဲကြေညာ” အား အတည်ပြု ထုတ်ပြန် ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.