Connect with us

Politics, Law & Military

အမေရိကန် နိုင်ငံ ၏ COVID-19 ဆိုင်ရာ သက်သေအထောက်အထားများ နှင့် အဖြစ်မှန်ဆိုသည် မှာ မည်မျှတန်ဖိုးရှိသနည်းဟု တရုတ် နိုင်ငံ မေးခွန်းထုတ် 

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နိုင်ငံရေးသမား အချို့ ၏ COVID-19 ရောဂါပိုး နှင့် ပတ်သက်သော ကောလာဟလ များ ဖြန့်ဝေနေမှုသည် ကျင့်ဝတ်လုံးဝ မရှိခြင်း ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ၂၀၁၈ ခုနှစ် သက်ဆိုင်ရာ နိုင်ငံခြားရေးဌာနပေးပို့စာများသည် အမေရိကန် နိုင်ငံ ၏ သက်သေအထာက်အထား နှင့် အဖြစ်မှန် ဆိုသည်မှာ မည်မျှသာ တန်ဖိုးရှိသနည်းဆိုသည်ကို  ကမ္ဘာက ထပ်မံ သိရှိစေခဲ့ကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က ဇူလိုင် ၂၂ ရက် ၌ ပြောကြား ခဲ့သည်။

ဝမ်းဝန်ပင်း က ဝူဟန့် မြို့ရှိ ရောဂါပိုး သုတေသန စီမံခန့်ခွဲမှု နှင့် သုတေသန လုပ်ငန်း ဆိုင်ရာ အခြေအနေများ အပေါ် တရုတ် နိုင်ငံ သိပ္ပံ အကယ်ဒမီ ဝူဟန့် ဌာနခွဲ ဌာနမှူး က ဘက်စုံ မိတ်ဆက်မှုကို ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း ၊ ဓာတ်ခွဲခန်း အနေဖြင့် အဆင့်အတန်း မြင့်မားသည့် ဇီဝလုံခြုံရေး ကိရိယာ များ တပ်ဆင်ထားပြီး တင်းကျပ်သော စီမံခန့်ခွဲမှု စနစ် ကို ထူထောင်ထားကြောင်း ၊ သုတေသန အဖွဲ့ဝင် အားလုံး က စနစ်တကျ လက်တွေ့ လေ့ကျင့် ပို့ချမှုများ ဆောင်ရွက်ပြီးမှသာ လုပ်ငန်းတာဝန် ထမ်းဆောင်စေခဲ့ကြောင်း ကို အထူး ရှင်းလင်း ပြောကြားခဲ့ပြီးဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်းဝန်ပင်း က အမေရိကန် နိုင်ငံ နိုင်ငံရေးသမား အချို့ က ကောလာဟလ မျိုးစုံ ဖြန့်ဝေခဲ့ပြီး သက်သေအထောက်အထားများစွာ ရှိသည်ဟူသော ပြောဆိုချက်မှာ ကျင့်ဝတ်လုံးဝမရှိသည့် ပြောဆိုမှုဖြစ်ကြောင်း ၊ ၎င်းတို့၏ ဆောင်ရွက်မှုများ အပေါ် အမေရိကန် ၏ သြဇာလွှမ်းမိုးမှု ရှိသော ပညာရှင်များကပင် လက်မခံနိုင်ကြကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ၏ Fort Detrick စခန်း စသော ကိစ္စရပ်များ နှင့် ပတ်သက်၍ အဖြစ်မှန် အား ပြောကြားစေလိုပြီး အမေရိကန် ပြည်သူလူထု နှင့် နိုင်ငံတကာအသိုင်းအဝိုင်း ကို ရှင်းပြစေလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)