Connect with us

Politics, Law & Military

အိန္ဒိယ နိုင်ငံ အနေဖြင့် လက်တွေ့ဆောင်ရွက်မှုများဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းသွားရန် မျှော်လင့်ကြောင်း တရုတ် နိုင်ငံ ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံ မှ လက်တွေ့ ကျသော ဆောင်ရွက်မှုများဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ကို ထိမ်းသိမ်းသွားရန် မျှော်လင့်ပြီး နိုင်ငံတကာ ကိစ္စရပ်များ တွင် အပြုသဘောဆောင်သည့် သက်ရောက်မှု ဖြစ်စေရန် ယုံကြည်ကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က ဇူလိုင် ၂၂ ရက် ၌ ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။

သတင်းဖော်ပြချက်များ အရ အိန္ဒိယ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး က ဇူလိုင် ၂၀ ရက် ၌ ကျင်းပပြုလုပ် အစည်းအဝေး တွင် ဘက်မလိုက်ဝါဒသည်  အထူးအချိန်အခါတွင် အသုံးပြုသည့် ပထဝီ နိုင်ငံရေး အသုံးအနှုန်း ဖြစ်ကြောင်း နှင့် အိန္ဒိယ နိုင်ငံ အနေဖြင့် အုပ်စုဖွဲ့သည့် စနစ် တွင် မည်သည့် အချိန် မှ ပါဝင်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။ 

ဝမ်းဝန်ပင်း က အဆိုပါ သတင်းဖော်ပြချက်များ ကို ဂရုစိုက်မိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံကို  ကမ္ဘာ့အဆင့်ဆင့် ပြောင်းလဲမှု တွင် အရေးပါသော အင်အား တစ်ခု အဖြစ် ခိုင်မာလွတ်လပ်သော နိုင်ငံခြားရေးဝါဒ ချမှတ်ကာ လက်တွေ့ဆောင်ရွက်မှုဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အား ထိန်းသိမ်းသွားရန် မျှော်လင့်ကြောင်း နှင့် ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)