Connect with us

Science & Technology

တရုတ် နိုင်ငံ မှ ကိုယ်ပိုင် စမ်းသပ် ထုတ်လုပ်ခဲ့သည့် အီဘိုလာ ကာကွယ်ဆေး အား ပင်လယ် ရပ်ခြား တွင် လက်တွေ့ စမ်းသပ်မှု ပြုလုပ်ခွင့် ရရှိ

တရုတ် နိုင်ငံ မှ ကိုယ်ပိုင် စမ်းသပ် ထုတ်လုပ် ခဲ့သည့် အီဘိုလာ ကာကွယ်ဆေး အား လက်တွေ့ စမ်းသပ်မှု ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဖရီးတောင်း ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

Sierra Leone နိုင်ငံတွင် အောက်တိုဘာ ၁၁ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီတွင် တရုတ် နိုင်ငံ မှ ကိုယ်ပိုင် စမ်းသပ် ထုတ်လုပ် ခဲ့သည့် အီဘိုလာ ကာကွယ်ဆေး အား Sierra Leone နိုင်ငံ ဒုတိယ အသုတ် လက်တွေ့ စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး ဤသည်မှာ လည်း တရုတ် နိုင်ငံ မှ ကိုယ်ပိုင် စမ်းသပ် ထုတ်လုပ် ခဲ့သည့် အီဘိုလာ ကာကွယ်ဆေး အား ပင်လယ် ရပ်ခြားတွင် ပထမ ဆုံးအကြိမ် လက်တွေ့ စမ်းသပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ယခု စမ်းသပ် ထုတ်လုပ် ခဲ့သည့် ကာကွယ်ဆေး အား တရုတ် ပြည်သူ့ လွှတ်မြောက်ရေး တပ်မတော် စစ်ဘက် ဆိုင်ရာ ဆေးဝါး သုတေသန ဌာန ၊ ဇီဝသုတေသန ဌာန ဌာနမှူး ချိန်ဝေ့ ဦးဆောင်သော အဖွဲ့ မှ စမ်းသပ် ထုတ်လုပ် ခဲ့ခြင်း ဖြစ်သည်။

ယခု အီဘိုလာ ကာကွယ်ဆေး ထုတ်လုပ်သည့်သုတေသန အဖွဲ့မှ လည်း တရုတ် နိုင်ငံတော် အစိုးရ မှ ချီးမြှင့် သည့် ဆုတံဆိပ် ပေါင်းများစွာ ကိုလည်း ရရှိ နိုင်ခဲ့သည်။

ထို့ပြင် ဗြိတိန် နိုင်ငံ မှ နာမည်ကြီး မဂ္ဂဇင်း တစ်ခု ဖြစ်သည့် The Lancet မှ လည်း သုတေသန အဖွဲ့၏ စမ်းသပ်မှု ရလာဒ် များကို ရေးသားဖော် ပြခဲ့သောကြောင့် အာဖရိက နိုင်ငံ တွင် လက်တွေ့ စမ်းသပ်မှု များ ပြုလုပ်နိုင်ရန် အထောက်အကူ ဖြစ်စေခဲ့သည်။

ချိန်ဝေ့ မှ တရုတ် နိုင်ငံ ကိုယ်ပိုင် စမ်းသပ်ထုတ်လုပ် ခဲ့သည့် အီဘိုလာ ကာကွယ်ဆေးသည် နံပတ်တစ် အချက်အနေဖြင့် အလွန်အစွမ်းထက်ပြီး ကမ္ဘာ့ပေါ်တွင် ပထမ ဦးဆုံးသော လက်တွေ့စမ်းသပ်မှု ပြုလုပ် နိုင်သည့် ကာကွယ်ဆေး ဖြစ်ခဲ့ကြောင်း ၊ နံပတ် နှစ် အနေဖြင့် တည်ငြိမ်မှု အလွန်ကောင်းပြီး အပူချိန် ၃၇ ံC တွင် နှစ်ပတ်ကျော် ထားနိုင်သောကြောင့် အနောက် အာဖရိက ကဲ့သို့ အပူချိန် ထိန်းသိမ်းရန် အခက်အခဲ ရှိသော ဒေသ များအတွက် အဆင်ပြေစေခဲ့ကြောင်း ၊ နံပတ် သုံး အနေဖြင့် လုံခြုံစိတ်ချရမှု အလွန်ကောင်းပြီး လက်တွေ့စမ်းသပ်မှု များအရ လုံခြုံမှု နှင့် ကာကွယ် နိုင်မှု အလွန်ကောင်း သည်ကို သိရှိခဲ့ရကြောင်း ပြောကြား ခဲ့သည်။ (Xinhua)