Connect with us

Science & Technology

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်း တွင် ကမ္ဘာ့ပထမဆုံး မြန်နှုန်းမြင့် ကျွန်းပတ် ရထားလမ်း ပြီးစီးရန် လိုအပ်သည့် ပတ်လမ်းသစ် ဖောက်လုပ်

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းတွင် မြန်နှုန်းမြင့် ကျွန်းပတ် ရထားလမ်း လမ်းပိုင်း တပ်ဆင် နေမှုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ဟိုင်းခို၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းတွင် ကမ္ဘာ့ ပထမဆုံး မြန်နှုန်းမြင့် ကျွန်းပတ် ရထားလမ်း ဖြစ်ပေါ်ရန် ပိုမို နီးကပ်လာပြီး အဆိုပါ ရထားပတ်လမ်း၏ တစ်ဝက် ဖြစ်သည့် ဒုတိယ ပတ်လမ်းကို အင်ဂျင်နီယာများက အောက်တိုဘာလ ၁၃ ရက်တွင် စတင် စမ်းသပ် နေကြောင်း သိရသည်။

အနောက်ပိုင်း ကွင်းပုံစံ ရထားလမ်းကို ဟိုင်နန်၏ ဖောက်လုပ်ပြီး အရှေ့ပိုင်း ကွင်းပုံစံ ရထားလမ်းနှင့် စမ်းသပ် မောင်းနှင် ကာလ အပြီး ၂၀၁၅ ခုနှစ် အကုန်ပိုင်း လောက်တွင် ချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း ယွဲ့ဟိုင် ရထားလမ်း ဖောက်လုပ်ရေးမှ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

အနောက်ပိုင်း ကွင်းပုံစံ ရထားလမ်းသည် ဖောက်လုပ်ချိန် နှစ်နှစ် ကြာမြင့်ပြီး ရင်းနှီးမြှုပ်နှံမှု အနေဖြင့် တရုတ်ယွမ် ၂၇ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၄.၂၇ ဘီလီယံ) ကုန်ကျ ခဲ့ကြောင်းသိရသည်။ ရထားများသည် တစ်နာရီလျှင် ၂၀၀ ကီလိုမီတာ နှုန်းဖြင့် ၃၄၅ ကီလိုမီတာ ရှည်လျားသည့် ပတ်လမ်း ပေါ်တွင် ပြေးဆွဲမည် ဖြစ်ပြီး မြို့ကြီးများနှင့် စီရင်စု ခြောက်ခုရှိ ဘူတာ ၁၆ ခုတွင် ရပ်နားမည် ဖြစ်ကြောင်း သိရသည်။

အကျယ်အဝန်း ၃၅,၄၀၀ စတုရန်း ကီလိုမီတာ ရှိသည့် ဟိုင်နန် ကျွန်းသည် ဘယ်လ်ဂျီယံ နိုင်ငံထက်ပင် အနည်းငယ် ကြီးမားပြီး လှပသော ကမ်းခြေများကြောင့် ကျော်ကြားသည်။ ယခုနှစ်အတွင်း ကမ္ဘာလှည့်ခ ရီးသည် ၄၇ သန်း လာရောက်ကြမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117