Connect with us

Science & Technology

တရုတ်နိုင်ငံသည် အွန်လိုင်း ဟက်ကာ ဖြိုခွင်းမှု အတွင်း သံသယရှိသူ အယောက် ၉၀၀ ဖမ်းမိ

မိုက်ခရိုဆော့ဖ် ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေး စင်တာတစ်ခု အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာလ ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ရဲတပ်ဖွဲ့သည် ဇူလိုင်လတွင် ပြုလုပ်ခဲ့သည့် အွန်လိုင်း ဟက်ကာ ဖြိုခွင်းမှု အတွင်း ဟက်ကာပေါင်း ၉၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဆိုပါ သံသယ ရှိသူများသည် ဟက်ကာဖြစ်စဉ် ၄၀၀ အား ကျူးလွန်ခဲ့ကြပြီး တစ်ဦးချင်းစီနှင့် ဘဏ်များမှ ငွေများအား လိမ်လည် ရယူခြင်း တို့အပါ အဝင် အွန်လိုင်း ရာဇဝတ်မှုများ ကျုးလွန်မှုဖြင့် စွပ်စွဲခံထားရကြောင်း ပြည်သူ့ လုံခြုံရေး ဝန်ကြီးဋ္ဌာန ကပြောကြားခဲ့သည်။

မတ်လတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အရ တရုတ် ကုမ္ပဏီတစ်ခုထံမှ အမေရိကန် ဒေါ်လာ ၇၅,၀၀၀ တန်ဖိုးရှိသည့် ကုန်ပစ္စည်းများ မှာယူရန် စီစဉ်ထားသည့် ဗီယက်နမ် ကုမ္ပဏီ၏ အီးမေးလ် အကောင့်အား ချိုးဖောက် ဝင်ရောက်ခဲ့ပြီး ကုန်သွယ်ရေး ဆိုင်ရာ သတင်း အချက်အလက်များအား ရယူသွားခဲ့သော သံသယရှိသူ ငါးယောက်အား ဖမ်းဆီး ရမိခဲ့သည်။ ၎င်းတို့သည် သတင်း အချက်အလက်များအား အသုံးပြု၍ တရုတ် ကုမ္ပဏီ၏ ဝန်ထမ်း အယောင်ဆောင်ပြီး ဗီယက်နမ် ကုမ္ပဏီ ထံမှ ငွေကြေး လိမ်လည် ရယူခဲ့ကြောင်း ဝန်ကြီးဋ္ဌာန ၏ ပြောကြားချက်များ အရ သိရသည်။

ထုတ်ပြန်ချက် တစ်ခုတွင် သံသယရှိသူ ငါးဦးတွင် နိုင်ငံခြားသား သုံးဦး ပါဝင်ပြီး ၎င်းတို့သည် မည်သည့် နိုင်ငံမှ ဖြစ်သည်ကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

အခြား ဖြစ်စဉ် တစ်ခုအနေဖြင့် တရုတ် နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံ (ROK) မှ ၃၁ ယောက် ပါဝင်သော ဟက်ကာ အုပ်စုအား ထရိုဂျန် ဆော့ဖ်ဝဲလ် နှင့် ဝက်ဘ်ဆိုဒ်တုများ အသုံးပြုပြီး တောင်ကိုရီးယား နိုင်ငံသားများ ၏ ဘဏ်ကဒ် နှင့် ဆိုင်သော သတင်း အချက်အလက်များ အား ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယား (ROK) နိုင်ငံသား သံသယရှိခံရသူများ သည် ဘဏ်ဝန်ထမ်း၏ အမည်ကို အသုံးပြု၍ ငွေအပ်နှံသူများအား ဖုန်းခေါ်ခဲ့ပြီး ၎င်းတို့၏ လုံခြုံရေး စနစ်များအား ပယ်ဖျက်ရန် စည်းရုံးခဲ့သည်။ ထို့နောက် ဘဏ်မှ အပ်ငွေများအား လွှဲပြောင်း ယူခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။
ဝန်ကြီးဋ္ဌာန မှ ဆိုက်ဘာ ရာဇဝတ်မှုများ အား စောင့်ကြည့် လေ့လာမှု၊ သက်သေ အထောက်အထားများ စုဆောင်းမှုများ တိုးတက်လာစေရန် နိုင်ငံတစ်လျှောက်တွင် အထူး အဆောက်အအုံ ၃၀၀ အား တည်ထောင်ခဲ့ပြီး အဆိုပါ ဧရိယာအတွင်း နိုင်ငံတကာ ဥပဒေ ပြဋ္ဌာန်းမှု ပူးပေါင်း ဆောင်ရွက်ရေး အားကောင်းလာကြောင်း ပြောကြားခဲ့သည်။
၎င်းမှ အဖွဲ့အစည်းများ၊ အစိုးရဋ္ဌာန နှင့် ကုမ္ပဏီ များသည် ၎င်းတို့၏ အီလက်ထရောနစ် သတင်း အချက်အလက်များ အား လုံခြုံမှုရှိစေရန် ပြုလုပ်ထားသင့်ကြောင်း သတိပေး ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.