Connect with us

Science & Technology

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ဆက်သွယ်ရေး ဂြိုလ်တု အောင်မြင်စွာ လွှတ်တင်နိုင်သည့် အတွက် တရုတ်-လာအို နှစ်နိုင်ငံ ခေါင်းဆောင် တို့ မှ အပြန်အလှန် ဆက်သွယ် ဂုဏ်ပြု

တရုတ် နိုင်ငံ ရှီးချန်း ဂြိုလ်တု လွှတ်တင်ရေး စခန်းမှ လာအို-၁ ဆက်သွယ်ရေး ဂြိုလ်တု အား နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အောင်မြင်စွာ လွှတ်တင်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နှင့် လာအို နိုင်ငံ တို့ ပူးပေါင်း ဆောင်ရွက်သည့် လာအို-၁ ဆက်သွယ်ရေး ဂြိုလ်တု အား တရုတ် နိုင်ငံ ရှီးချန်း ဂြိုလ်တု လွှတ်တင်ရေး စခန်းမှ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့သဖြင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် လာအို နိုင်ငံ ပြည်သူ့ ပြုပြင်ပြောင်းလဲရေး ပါတီ အထွေထွေ အတွင်းရေးမှူး ၊ လာအို နိုင်ငံ သမ္မတ Choummaly Sayasone တို့ အပြန်အလှန် ဝမ်းမြောက်ဂုဏ်ပြုကြောင်း ဆက်သွယ် ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ ဂုဏ်ပြုဝမ်းမြောက်ကြောင်း ဆက်သွယ်ပြောကြားရာတွင် လာအို-၁ ဆက်သွယ်ရေး ဂြိုလ်တု အောင်မြင်စွာ လွှတ်တင် နိုင်ခြင်းသည် တရုတ်-လာအို နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ပူးပေါင်း ဆောင်ရွက်မှု အတွက် အလွန်အရေးပါကြောင်း ၊ လာအို နိုင်ငံ ၏ စီးပွားရေး ၊ လူနေမှု အဆင့်အတန်း နှင့် ပြည်သူလူထု တို့၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလွန် အကျိုးဖြစ်စေမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လာအို နိုင်ငံ နှင့် အတူတကွ ပူးပေါင်း၍ အပြန်အလှန် အကျိုးဖြစ်ထွန်း စေမည့် တရုတ်-လာအို ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး ကို တွန်းအား ပေးဆောင်ရွက်သွားမည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားရေး အတွက် ပေးဆပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လာအို နိုင်ငံ သမ္မတ Sayasone က လာအို-၁ ဆက်သွယ်ရေး ဂြိုလ်တု လွှတ်တင် နိုင်ခဲ့ခြင်း သည် လာအို နိုင်ငံ စီးပွားရေး နှင့် လူမှု ပတ်ဝန်းကျင် တိုးတက်ရေး အတွက် များစွာ အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း ၊ လာအို-၁ ဆက်သွယ်ရေး ဂြိုလ်တု ထုတ်လုပ်တည်ဆောက်မှု နှင့် လွှတ်တင်မှု သည် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ နှင့် တရုတ် နိုင်ငံ အစိုးရ ၏ အထောက်အကူ များစွာ ရရှိခဲ့သည့် အတွက် လွန်စွာ ကျေးဇူးတင်ရှိကြောင်း ၊ လာအို-၁ ဆက်သွယ်ရေး ဂြိုလ်တု သည် လာအို-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး တိုးပွားရန် အတွက် များစွာ အထောက်အကူပြု နိုင်မည်ဖြစ်ကာ နှစ်နိုင်ငံ ပြည်သူလူထု ကို လည်း အကျိုးရှိစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)