ပေကျင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် ကျူးလုံ (Zhurong) သည် သတ်မှတ်ထားသည့်အတိုင်း ၎င်း၏ စူးစမ်းလေ့လာရေးနှင့် ရှာဖွေတွေ့ရှိရေး လုပ်ငန်းများ ပြီးမြောက်လျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ဩဂုတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။
ချင်းသောင်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ လေဆိပ်သစ်ဖြစ်သော ချင်းသောင် ကျောင်းတုန်း နိုင်ငံတကာလေဆိပ် (Qingdao Jiaodong International Airport) အား ဩဂုတ် ၁၂ ရက်တွင် တရားဝင်လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း ချင်းသောင် လေဆိပ်အုပ်စုက ပြောကြားခဲ့သည်။
ပေကျင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အဓိကလေဆိပ်များတွင် ခရီးဆောင်အိတ်များ ခြေရာခံရာ၌ ရေဒီယိုကြိမ်နှုန်းဖြင့်ခွဲခြားဖော်ထုတ်သည့် (RFID) နည်းပညာဖြင့် ဂရုတစိုက်ဆောင်ရွက်ပြီး ၎င်းတို့၏ ခရီးဆောင်အိတ်စီမံခန့်ခွဲခြင်း ဝန်ဆောင်မှုစွမ်းရည်မြှင့်တင် သွားမည်ဖြစ်ကြောင်း နိုင်ငံ၏လေကြောင်းအာဏာပိုင်များ၏ အဆိုအရ သိရသည်။
ပေကျင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Zhurong သည် ဩဂုတ် ၆ ရက်အထိ ဂြိုဟ်နီကြီး (အင်္ဂါဂြိုဟ်) မျက်နှာပြင်ပေါ်တွင် မီတာ ၈၀၀ ကျော် ခရီးနှင်လျက်ရှိကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန၏ လကမ္ဘာ စူးစမ်းလေ့လာရေးနှင့် အာကာသအစီအစဉ်စင်တာအရ သိရသည်။...
ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသအေဂျင်စီက Chang’e-5 အာကာသယာဉ်မှ ပြန်လည်ယူဆောင်လာသော လမျက်နှာပြင် နမူနာပစ္စည်းများ၏ ဒုတိယအသုတ် အွန်လိုင်းဒေတာဘေ့စ်အား ထုတ်ပြန်လိုက်ကြောင်း သိရသည်။ သုတေသီများနှင့် အများပြည်သူများအနေဖြင့် အချက်အလက်နှင့် နမူနာများအား လျှောက်ထားနိုင်သော www.clep.org.cn ဝက်ဘ်ဆိုက်မှတစ်ဆင့် လကမ္ဘာနှင့် နက်ရှိုင်းသော အာကာသ...
ကျိုချွမ် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက Tianhui I-04 ဂြိုဟ်တုကို နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင် ၂၉ ရက် နေ့လည်ပိုင်းတွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါဂြိုဟ်တုကို ပေကျင်းစံတော်ချိန် ၁၂ နာရီ ၁ မိနစ်တွင် Long March-2D...
ရှန်ဟိုင်း၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်းနက္ခတ္တဗေဒပြတိုက်တွင် တရုတ်အာကာသစခန်းပင်မခန်း Tianhe၏ပုံစံငယ်အား ပြသထားသည်။
ရှီးချန်း ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အဝေးထိန်းအာရုံခံစနစ်သုံးဂြိုဟ်တုအုပ်စု တစ်ခုကို ဇူလိုင် ၁၉ ရက် ပေကျင်းစံတော်ချိန် နံနက် ၈ နာရီ ၁၉ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်သွားယာဉ် ကျူးလုံ (Zhurong) သည် ဂြိုဟ်နီမျက်နှာပြင်ပေါ်၌ စနေနေ့ ည ၁၁ နာရီအထိ ခရီးအကွာအဝေး ၅၀၉ မီတာ ကျော်အထိ မောင်းနှင်သွားလာထားပြီဖြစ်ကြောင်း တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှု၏ လစူးစမ်းလေ့လာရေး နှင့် အာကာသအစီအစဉ်စင်တာမှ ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး fiber optic network၊ 4G နှင့် 5G independent networkများ တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် (၁၂)ကြိမ်မြောက် တရုတ်နိုင်ငံအင်တာနက်ကွန်ဖရင့် ဇူလိုင် ၁၃ ရက်သတင်းများအရ သိရသည်။