Connect with us

China

တရုတ်နိုင်ငံ၏ BDS ကို နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ ကျော်၌ အသုံးပြုလျက်ရှိ

ပေကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) ကို နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ ကျော်တွင် အသုံးပြုလျက်ရှိကြောင်း ပေကျင်းမြို့၌ ဇူလိုင် ၅ ရက်က ပြုလုပ်ခဲ့သော BDS-3 တည်ဆောက်မှု ကြေညာခြင်းအခမ်းအနားအရ သိရသည်။

တရုတ်နိုင်ငံက ၂ နှစ်ခွဲအတွင်း BDS-3 ဂြိုဟ်တု အလုံး ၃၀ ကို အောင်မြင်စွာ လွှတ်တင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် လျာထားချက်မတိုင်မီ ၆ လအလို၌ BDS-3 ပြီးစီးခဲ့သည်။

BDS ကို တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသော လုပ်ငန်းအမျိုးမျိုးတွင် ကျယ်ပြန့်စွာအသုံးပြုလျက်ရှိသလို အသွင်ကူးပြောင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းကိုလည်း မြှင့်တင်လျက်ရှိကာ အသိအမှတ်ပြုလောက်ဖွယ် စီးပွားရေးနှင့် လူမှုအကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးလျက်ရှိကြောင်း သိရသည်။

ကုလသမဂ္ဂမှ အသိအမှတ်ပြုထားသော ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြဂြိုဟ်တုစနစ် လေးခုအနက် တစ်ခုဖြစ်သော BDS သည် မြို့ပြလေကြောင်း၊ ပင်လယ်ရေကြောင်းရေးရာများ၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး စသည့်နယ်ပယ်များ၌ နိုင်ငံတကာတာဝန်များကို ကျေပွန်စွာဆောင်ရွက်ခဲ့သလို ကံကြမ္မာအကျိုးတူ အေးအတူ ပူအမျှ အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံ၏ အမြော်အမြင်ကိုလည်း အထောက်အကူပြုလျက်ရှိသည်။ (Xinhua)

………………………………
(English Version)

China’s BDS serves over 200 countries, regions
BEIJING, July 5 (Xinhua) — China’s BeiDou Navigation Satellite System (BDS) has served more than 200 countries and regions to date, according to a commendation ceremony for the construction of BDS-3 held in Beijing on Wednesday.
China successfully launched 30 BDS-3 satellites in two and a half years, completing BDS-3 six months ahead of schedule in 2020.
BDS has been widely used in various industries related to the country’s economic and social development, promoting transformation and upgrading, and bringing remarkable economic and social benefits.
As one of four global satellite navigation systems recognized by the United Nations, BDS has actively fulfilled its international obligations in the fields of civil aviation, maritime affairs, and search and rescue, contributing Chinese wisdom to the construction of a community with a shared future for all.
Photo: People visit the first International Summit on BeiDou Navigation Satellite System (BDS) Applications, in Changsha, central China’s Hunan Province, Sept. 16, 2021. (Xinhua/Chen Sihan)