Connect with us

Social, Education & Health

နီပေါ ပြန်လည် တည်ဆောက်ရေးအတွက် အမေရိကန် ဒေါ်လာ ၁၀ သန်း တရုတ် ထောက်ပံ့

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံတကာ ကုန်သွယ်ရေး ဌာန ဒုတိယ စေ့စပ် ညှိနှိုင်းရေးမှူး ကိုယ်စားလှယ် ကျန်းရှန်းချန် (ဘယ်) နှင့် နီပေါ နိုင်ငံ ဘဏ္ဍာရေး အတွင်းဝန် ဆူမန် ပရာဆတ် ရှာမာ (ညာ) တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ငလျင်ဒဏ် ခံခဲ့ရသော နီပေါနိုင်ငံ ပြန်လည် တည်ဆောက်ရေး လုပ်ငန်း၌ အသုံးပြုရန် တရုတ်နိုင်ငံက ငွေသား အကူအညီ အမေရိကန် ဒေါ်လာ ၁၀ သန်းကို နီပေါ သဘာဝ ဘေးအန္တရာယ်အလွန် ပြန်လည် တည်ဆောက် ရေး အထောက်အပံ့ ပရောဂျက် အစီအစဉ်အနေဖြင့် ပေးအပ်ရန် ကြာသပတေးနေ့ က သဘောတူခဲ့ ပါသည်။

နီပေါနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန၌ ပြုလုပ်သော သဘာဝ ဘေးအန္တရာယ်အလွန် ပြန်လည် တည်ဆောက်ရေး အစီအစဉ်နှင့် ပတ်သက်ပြီး နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံတို့ နှစ်နိုင်ငံ ပူးတွဲ ကျင်းပသော အစည်းအဝေး အပြီးတွင် နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နားလည်မှု စာချွန်လွှာအား တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံတကာ ကုန်သွယ်ရေး ဌာန ဒုတိယ စေ့စပ်ညှိနှိုင်းရေးမှူး ကိုယ်စားလှယ် ကျန်းရှန်းချန် နှင့် နီပေါ နိုင်ငံ ဘဏ္ဍာရေး အတွင်းဝန် ဆူမန် ပရာဆတ် ရှာမာ တို့က လက်မှတ် ရေးထိုးခဲ့ပါသည်။

တရုတ်နိုင်ငံ အနေဖြင့် နီပေါနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြန်လည် ကောင်းမွန်လာသည်ကို မြင်တွေ့လိုကြောင်း၊ ပြန်လည် တည်ထောင်ရေး လုပ်ငန်းများတွင် ရင်းနှီးစွာဖြင့် ပါဝင်ကူညီရသည့် အတွက်လည်း ကျေနပ်မိပါကြောင်း ကျန်းရှန်းချန်က လက်မှတ် ရေးထိုးပွဲ အပြီး မီဒီယာများအား ပြောပါသည်။

အဆိုပါ နှစ်နိုင်ငံ အစည်းအဝေးတွင် ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးသွားသော နီပေါနိုင်ငံအား တရုတ်နိုင်ငံ၏ အရေးပေါ် ကယ်ဆယ်ရေး အကူအညီများအား ပြန်လည် သုံးသပ်ခဲ့ကြသည်။

နီပေါ နိုင်ငံ လူမှု စီးပွားရေး ဖွံ့ဖြိုးမှု အတွက် တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် ထောက်ပံ့ကူညီမှုအား ကျေးဇူးတင်ကြောင်း၊ အဆိုပါ ငွေသား အကူအညီကို ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ဆူမန် ပရာဆတ် ရှာမာ က မီဒီယာများအား ပြောပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.