Connect with us

Social, Education & Health

NGO အဖွဲ့အစည်းများ တရုတ် နိုင်ငံအတွင်း လာရောက် လုပ်ကိုင် ကြရန် တရုတ် အစိုးရ ဖိတ်ခေါ်

ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၂၅ ရက်နေ့က ကျင်းပ ခဲ့သည့် NGO အဖွဲ့များ ညီလာခံ တွင် တရုတ် နိုင်ငံ ဝန်ကြီးဌာန များမှ ကိုယ်စားလှယ် များအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ရဲဌာန နှင့် မြို့ပြရေးရာ ဝန်ကြီးဌာန တို့မှ ပူးပေါင်း၍ ရှန်ဟိုင်းမြို့တွင် နိုင်ငံခြား NGO အဖွဲ့များ ညီလာခံ တစ်ရပ်အား ဇူလိုင်လ ၂၅ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

နိုင်ငံတော် ကောင်စီဝင် ၊ တရုတ် နိုင်ငံ ရဲဌာန ဌာနမှူး ကော်စိန်းခွင်း (Guo Shengkun ) မှ ညီလာခံ သဘာပတိ အဖြစ် ဆောင်ရွက်ကာ မိန့်ခွန်း ပြောကြားခဲ့သည်။ ရဲဌာနမှူး မှ တရုတ် နိုင်ငံတော် အစိုးရ အနေဖြင့် ပြည်ပ NGO အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု များကို အထူး ချီးကျူးကာ တရုတ် နိုင်ငံ အတွင်း လာရောက်၍ ပူးပေါင်း ဖလှယ်မှုများ ဆောင်ရွက်ရန် ဖိတ်ခေါ် ကြောင်း ပြောကြားခဲ့သည်။

ညီလာခံသို့ ကမ္ဘာ့ နိုင်ငံ အသီးသီး ရှိ NGO အဖွဲ့ ကိုယ်စားလှယ် များနှင့် အမေရိကန် ၊ ပြင်သစ် ၊ ဂျာမနီ စသည့် ရှန်ဟိုင်း အခြေစိုက် တရုတ် နိုင်ငံ ဆိုင်ရာ သံရုံးမှ သံအမတ်ကြီးများ တက်ရောက် ခဲ့ကြပြီး မိန့်ခွန်းပြောကြား ခဲ့ကြသည်။

ကော်စိန်းခွင်း မှ တရုတ် နိုင်ငံတော် အစိုးရ ကိုယ်စား ပြည်ပ NGO အဖွဲ့များ၏ တရုတ် နိုင်ငံ စီးပွားရေးနှင့် လူမှုရေး များအတွက် အကျိုးပြုခဲ့ခြင်း အတွက် အထူးကျေးဇူး တင်ရှိကြောင်း ၊ ပွင့်လင်းမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုသည် တရုတ် နိုင်ငံနှင့် နိုင်ငံတကာ ပူးပေါင်းမှု၏ အခြေခံမူဝါဒ ဖြစ်ကြောင်း ၊ မိတ်ဆွေများ အနေဖြင့် တရုတ် နိုင်ငံ စီးပွားရေး နှင့် လူမှုရေး ကဏ္ဍ များကို ဆက်လက်၍ အာရုံစိုက် ကာ ပူးပေါင်းဆောင်ရွက် သွားပြီး တရုတ် နိုင်ငံ ပြည်သူ လူထု နှင့် နိုင်ငံတကာ ပြည်သူလူထု တို့အကြား ချစ်ကြည် ရင်းနှီးမှု တိုးပွားရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ နိုင်ငံခြား NGO အဖွဲ့များအတွက် ပိုမို အဆင်ပြေ စေမည့် ဝန်ဆောင်မှု များပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကော်စိန်းခွမ်းမှ တရုတ် နိုင်ငံသည် တရားဥပဒေ စိုးမိုး မှုရှိသည့် နိုင်ငံ ဖြစ်ကြောင်း ၊ ဥပဒေ အရ နိုင်ငံခြား NGO အဖွဲ့များ အပေါ် ဥပဒေ ရပိုင်ခွင့် များခံစားရမည် ဖြစ်ကြောင်း ၊ နိုင်ငံခြား NGO အဖွဲ့များအနေဖြင့် တရုတ် နိုင်ငံ လူနေမှု အခြေအနေ များကို ပိုမိုသိရှိရန် နှင့် မိမိ အသိစိတ် ဖြင့် တရုတ် နိုင်ငံတော် ဥပဒေ များကို လိုက်နာသွားရန် မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။ (Xinhua)