Connect with us

Social, Education & Health

ဟူပေပြည်နယ်မှအပ တရုတ်နိုင်ငံ ကျန်ဒေသများတွင် ကိုရိုနာ အဆုတ်ရောင်ရောဂါဖြစ်ပွါးမှုနှုန်း ၅ ရက် ဆက်တိုက် ကျဆင်းလျက်ရှိ 

ကိုရိုနာအဆုတ်ရောင်ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရခဲ့သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) 

ဟူပေပြည်နယ်မှအပ တရုတ်နိုင်ငံ ကျန်ဒေသများတွင်  ဖေဖော်ဝါရီ ၈ ရက် နေ့အထိ စစ်ဆေးတွေ့ရှိချက်များအရ ကိုရိုနာ အဆုတ်ရောင်ရောဂါ အတည်ပြုလူနာ အရေအတွက် နေ့စဉ်တိုးတက်မှုနှုန်းသည် ၅ ရက် ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေး‌ကော်မရှင်၏ အချက်အလက်များအရ သိရသည်။ 

ဖေဖော်ဝါရီ ၃ ရက်က ကိုရိုနာ အဆုတ်ရောဂါ အတည်ပြုလူနာ ၈၉၀ ဦးရှိရာမှ ဖေဖော်ဝါရီ ၈ ရက်တွင် ၅၀၉ ဦးအထိ လျော့နည်းခဲ့ရာ ရောဂါဖြစ်ပွါးမှု ၄၂ ဒသမ ၈ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်း သိရသည်။ ယင်းမှာ ရောဂါကာကွယ်တိုက်ဖျက်ရေး အခက်အခဲများစွာကြားက သတင်းကောင်းတစ်ခုပင်ဖြစ်သည်။ 

ကိုရိုနာအဆုတ်ရောင်ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရခဲ့သူများအား တွေ့ရစဉ် (ဆင်ဟွာ) 

ကိုရိုနာအဆုတ်ရောင်ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရခဲ့သူများအား တွေ့ရစဉ် (ဆင်ဟွာ) 

ပြည်နယ်ဒေသ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဖေဖော်ဝါရီ ၈ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအချိန်အတွင်း အသစ်ထပ်တိုး အတည်ပြုလူနာ ၂,၆၅၆ ဦးရှိရာ  ဟူပေမှ ၂,၁၄၇ ဦး ပါဝင်ကြောင်း သိရသည်။ ၎င်းတို့အနက်  ရောဂါပြင်းထန်သူ ၈၇ ဦး(ဟူပေပြည်နယ်မှ ၅၂ ဦး)၊ သေဆုံးသူ ၈၉ ဦး(ဟူပေမှ ၈၁ ဦး၊ ဟဲနန်မှ ၂ ဦးနှင့်  ဟဲပေ၊ ဟေးလုံကျန်း၊ အန်းဟွေး၊ဆန်းတုန်း၊ဟူနန်၊ ကွမ်ရှီးစသည့်ပြည်နယ်များတွင် ၁ ဦးစီ) ရှိကြောင်း သိရသည်။ 

ကိုရိုနာ အဆုတ်ရောင်ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းမှကြိုးပမ်းအားထုတ်နေသည့် ဆေးကုသရေးဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ)

အသစ်ထပ်တိုး သံသယလူနာ ၃,၉၁၆ ဦး ရှိရာ ၎င်းတို့အနက် ဟူပေပြည်နယ်မှ ၂,၀၆၇ ဦး ပါဝင်ကြောင်း၊ယင်းနေ့တွင် ကုသပျောက်ကင်း၍ ဆေးရုံဆင်းနိုင်သော လူနာ ၆၀၀ ဦးရှိခဲ့ကြောင်းနှင့် ၎င်းတို့အနက် ၃၂၄ ဦးသည် ဟူပေပြည်နယ်မှဖြစ်ကြောင်း သိရသည်။ 

ဖေဖော်ဝါရီ ၈ ရက် ညသန်းခေါင်ယံ အချိန်အထိ ဆိုရပါက ပြည်နယ်ဒေသ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏အစီရင်ခံစာများအရ ကိုရိုနာအဆုတ်ရောင်ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၃၇,၁၉၈ ဦးရှိရာ ကုသပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသည့် လူနာ ၂,၆၄၉ ဦး၊ သေဆုံးလူနာ ၈၁၁ ဦးနှင့် ကျန်အတည်ပြုလူနာ ၃၃,၇၃၈ ဦး ရှိပြီး သံသယလူနာ ၂၈,၉၄၂ ဦး ရှိကြောင်း သိရသည်။ 

ဟောင်ကောင်၊ မကာအိုနှင့်ထိုင်ဝမ်ဒေသများတွင် ကိုရိုနာအဆုတ်ရောင်ရောဂါ အတည်ပြုလူနာ ၅၃ ဦးရှိရာ ဟောင်ကောင်တွင် ၂၆ ဦး(သေဆုံးသူ ၁ ဦး)၊ မကာအိုတွင် ၁၀ ဦး(ဆေးရုံဆင်းလူနာ ၁ ဦး )၊ ထိုင်ဝမ်တွင် ၁၇ ဦး(ဆေးရုံဆင်းလူနာ ၁ ဦး)အသီးသီးရှိကြောင်း သိရသည်။ (Xinhua)