Connect with us

WORLD

ဘိုလီးဗီးယားနိုင်ငံက ဘရာဇီးနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ကို COVID-19 ကြောင့် နောက်ထပ်တစ်ပတ် ထပ်မံပိတ်ထား

ဘိုလီးဗီးယားနိုင်ငံ လာပါဇ်မြို့ရှိ Hospital del Torax ဆေးရုံအတွင်း ဝင်ရောက်မည့် အမျိုးသမီးတစ်ဦးအား သူနာပြုတစ်ဦးက ကိုယ်အပူချိန်တိုင်းတာနေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

လာပါဇ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ဘိုလီးဗီးယားနိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ အထူးသဖြင့် အလွယ်တကူ ပိုမိုကူးစက်နိုင်ပြီး ပိုမိုသေဆုံးနိုင်သော ဘရာဇီးဗီဇပြောင်းဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးရန် ဘရာဇီးနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ကို နောက်ထပ် ၇ ရက် ပိတ်ထားရန် ဆုံးဖြတ်လိုက်ကြောင်း ဧပြီ ၉ ရက်က သိရှိရသည်။

ဘိုလီးဗီးယားနိုင်ငံသည် ဘရာဇီးနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်အား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များနှင့်အတူ ဧပြီ ၂ ရက်က ပထမဆုံးပိတ်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါတားမြစ်ချက်အား ဧပြီ ၉ ရက်တွင် ဖြေလျှော့ပေးရမည်ဖြစ်သည်။

“ကူးစက်ရောဂါဆိုင်ရာ အကဲဖြတ်မှုကို ဘရာဇီးနိုင်ငံနဲ့ နယ်စပ်မှာ ပြုလုပ်နေပါတယ်။ နယ်စပ်ကို နောက်ထပ်တစ်ပတ် ထပ်မံပိတ်ထားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု နိုင်ငံခြားကုန်သွယ်မှုနှင့် ပေါင်းစည်းရေး ဒုတိယဝန်ကြီး Benjamin Blanco က ပြောခဲ့သည်။

“ဒီကာလပြီးဆုံးသွားတဲ့အခါ နယ်စပ်ဒေသတွေရဲ့ အခြေအနေကို ကိုင်တွယ်ဖို့ ပြန်လည်ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောခဲ့သည်။

ဘိုလီးဗီးယားနိုင်ငံတွင် ခရီးသည်များအနေဖြင့် မကြာသေးမီက စစ်ဆေးထားသော COVID-19 ရောဂါမရှိကြောင်းရလဒ်များပြသရန် လိုအပ်ခြင်းအပါအဝင် ရောဂါဖြစ်ပွားမှု တားဆီးရန် အထွေထွေဆောင်ရွက်ချက်များ ပိုမိုလုပ်ဆောင်လျက်ရှိသည်။

ဘိုလီးဗီးယားနိုင်ငံတွင် ပထမဆုံး COVID-19 ဖြစ်ပွားသူနှစ်ဦးကို တွေ့ရှိသည်မှာ တစ်နှစ်နှင့် တစ်လကြာမြင့်ပြီဖြစ်ကြောင်း၊ ဧပြီ ၈ ရက်အထိ ရောဂါဖြစ်ပွားသူဦးရေ ၂၇၉,၂၀၇ ဦးနှင့် သေဆုံးသူ ၁၂,၄၁၂ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။ (Xinhua)
————————————
(English Version)
Bolivia keeps border with Brazil closed another week due to COVID-19
Source: Xinhua| 2021-04-10 05:38:03|Editor: huaxia
LA PAZ, April 9 (Xinhua) — Bolivia on Friday said it decided to keep its border with Brazil closed for another seven days to stop the spread of the novel coronavirus disease, especially the Brazilian variant of the virus considered to be more contagious and possibly more lethal.
Bolivia first closed its border with Brazil on April 2, with provisions for cross-border trade, and was to lift the ban on Friday.
“An epidemiological evaluation has been made on the border with Brazil and we consider it necessary to extend the closure for another week,” Deputy Foreign Trade and Integration Minister Benjamin Blanco said.
“At the end of this period we will return to work on the situation in the border regions to take action,” he said.
Bolivia has also taken more general measures to curb the outbreak, including requiring visitors to show the negative results of a recently-taken COVID-19 test.
A year and a month since the first two cases of COVID-19 were detected in Bolivia, the Ministry of Health reported 279,207 cases and 12,412 deaths from the disease as of Thursday. Enditem
A nurse checks the temperature of a woman who enters the Hospital del Torax, in La Paz, Bolivia, on March 20, 2020. (Xinhua/Str)