Connect with us

Social, Education & Health

ဝူဟန့် လေးဆန်ဆန်းဆေးရုံတွင် ကိုရိုနာအဆုတ်ရောင်ရောဂါအတည်ပြုလူနာ ပထမအသုတ်အား စတင်လက်ခံကုသပေး

ဝူဟန့် လေးဆန်ဆန်းဆေးရုံတွင် ကိုရိုနာ အဆုတ်ရောင်ရောဂါ အတည်ပြုလူနာများကို ဆေးကုသပေးရန် စတင်လက်ခံနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) 

ကိုရိုနာအဆုတ်ရောင်ရောဂါ အတည်ပြုလူနာများအား ပထမအသုတ်အဖြစ် ဝူဟန့် လေးဆန်ဆန်းဆေးရုံက ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီတွင် စတင်လက်ခံကုသပေးနေပြီဖြစ်သည်။

ဝူဟန့်မြို့ လေးဆန်ဆန်းဆေးရုံကြီးတွင်  ပြင်ပလူနာကြည့်ဆေးခန်းများမထားရှိဘဲ ဆေးရုံတင်လူနာများကို အထူးဂရုစိုက်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

ဝူဟန့် လေးဆန်ဆန်းဆေးရုံတွင် ကိုရိုနာ အဆုတ်ရောင်ရောဂါ အတည်ပြုလူနာများကို ဆေးကုသပေးရန် စတင်လက်ခံနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ဝူဟန့် လေးဆန်ဆန်းဆေးရုံတွင် ကိုရိုနာ အဆုတ်ရောင်ရောဂါ အတည်ပြုလူနာများကို ဆေးကုသပေးရန် စတင်လက်ခံနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ဝူဟန့် လေးဆန်ဆန်းဆေးရုံတွင် ကိုရိုနာ အဆုတ်ရောင်ရောဂါ အတည်ပြုလူနာများကို ဆေးကုသပေးရန် စတင်လက်ခံနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ဝူဟန့် လေးဆန်ဆန်းဆေးရုံတွင် ကိုရိုနာ အဆုတ်ရောင်ရောဂါ အတည်ပြုလူနာများကို ဆေးကုသပေးရန် စတင်လက်ခံနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

 ဆေးရုံတွင် အထူးကြပ်မတ်ကုသဆောင် ၂ ခု၊ ကြပ်မတ်ကုသဆောင် ၃ ခုနှင့် သာမန်ကုသဆောင် ၂၇ ခုပါဝင်သည့် ကုသဆောင် ၃၂ ခု၊ ကုတင် ၁၅၀၀ ပါရှိပြီး  အထူး ကြပ်မတ်ကုသဆောင်မှအပ ကျန်လူနာအခန်းများမှာ ၂ ယောက်တစ်ခန်းဖြစ်ကြောင်း သိရသည်။

ခွဲစိတ်ခန်း ၊ ECGရောဂါရှာဖွေရေး၊ အတ်ထရာဆောင်း(Ultrasound)၊ဓါတ်မှန်နှင့် ရောဂါရှာဖွေရေး ဓါတ်ခွဲဌာနစသည့် ဆေးကုသရေးနည်းပညာလိုအပ်ချက်များအပြည့်အစုံပါရှိပြီး အခြားခေတ်မီဆေးကုသရေးစက်ပစ္စည်းများ ပါရှိရာ ဆေးကုသရေးဝန်ထမ်းများကလည်း နေ့ညအချိန်မလပ် ဘက်စုံစောင့်ကြည့်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117