Connect with us

Social, Education & Health

တရုတ်နိုင်ငံ၌ ကိုရိုနာကူးစက်ခံရသူ ၃,၂၈၁ ဦး ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရ

တရုတ်နိုင်ငံ၌ ကိုရိုနာကူးစက်ခံရမှုမှ သက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသော လူနာအရေအတွက်မှာ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းအထိ စုစုပေါင်း ၃,၂၈၁ ဦးထိ ရှိသွားပြီးဖြစ်ကြောင်း တရုတ်နိုင်ငံကျန်းမာရေးအာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်တွင် ဆေးရုံဆင်းခွင့်ရသည့်လူနာအရေအတွက်မှာ ၆၃၂ ဦးရှိပြီး ယင်းတို့အနက် ၃၅၆ ဦးမှာ ဟူပေပြည်နယ်အတွင်းမှ ဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ နေ့စဉ်အစီရင်ခံစာ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၉၀၈ ဦးရှိခဲ့ကြောင်း နိုင်ငံအတွင်း ပြည်နယ်ဒေသ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှု နှင့် တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံစာအရ သိရသည်။(Xinhua)