Connect with us

Sport

ချက် ဘောလုံး ကစားသမားဟောင်း နက်ဗက် တရုတ် ဘောလုံး အဖွဲ့ချုပ် သံတမန်ဖြစ်လာ

တရုတ် ဘောလုံး အဖွဲ့ချုပ် သံတမန်အဖြစ် ခန့်အပ်ခံရသော ပေဗယ် နက်ဗက် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ချက်လက်ရွေးစင် အသင်း၏ ကွင်းလယ် ကစားသမားဟောင်း ပေဗယ် နက်ဗက် (Pavel Nedved) က တရုတ် ဘောလုံး အဖွဲ့ချုပ် သံတမန်အဖြစ် သုံးနှစ်တာ ဆောင်ရွက်ရန် စာချုပ်အား လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။

ယခင် သံတမန် ဖြစ်သော အသက် ၄၃ နှစ်အရွယ် အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ခမ်း၏ နေရာ၌ အစားထိုး ခန့်အပ်မည် ဖြစ်ကြောင်း Chinese Super League (CSL) ဥက္ကဋ္ဌ မာချိန်ကွမ်းက မတ်လ ၃၀ ရက်က ပြောကြားခဲ့သည်။ ခုနှစ်၏ ရွှေဘောလုံးဆုရှင် နက်ဗက်အား တရုတ်နိုင်ငံတွင် ချက် သံမဏိလူသားဟု တင်စား ခေါ်ဝေါ်ကြ သလို တရုတ်နိုင်ငံ တစ်ခုလုံးက အသိအမှတ်ပြုသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

“နက်ဗက်က သူ့ရဲ့ ထူးချွန်တဲ့ ဘောလုံးစွမ်းရည်နဲ့ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်ကြောင့် ရွေးချယ်ရခြင်း ဖြစ်တယ်” CSL ကုမ္ပဏီက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.