Connect with us

Sport

မော်လ်ဒိုက်နိုင်ငံ အသင်းအား ၄ ဂိုးပြတ် အနိုင်ရပြီးနောက် တရုတ်နိုင်ငံ အသင်း၏ ၂၀၁၈ ကမ္ဘာ့ဖလား ဝင်ခွင့် မျှော်လင့်ချက် ရောင်ခြည်သန်းလာ

တရုတ်နိုင်ငံ လက်ရွေးစင် အသင်းနှင့် မော်လ်ဒိုက်နိုင်ငံ လက်ရွေးစင် အသင်း တို့ ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေပုံ (ဆင်ဟွာ )

ဝူအမ် ၊ တရုတ်နိုင်ငံ ၊ မတ် ၂၄ ရက် ( ဆင်ဟွာ )

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်၏ အာရှဇုန် အုပ်စု ( စီ ) ပြိုင်ပွဲ တစ်ခုအဖြစ် တရုတ်နိုင်ငံအသင်း နှင့် မော်လ်ဒိုက်နိုင်ငံ အသင်းတို့ မတ်လ ၂၄ ရက်က ယှဉ်ပြိုင် ကစားခဲ့ရာ တရုတ်နိုင်ငံ အသင်းက လေးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလား ဝင်ခွင့် မျှော်လင့်ချက် အတွက် ရောင်ခြည်သန်း လာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် တရုတ်နိုင်ငံ လက်ရွေးစင်အသင်း၏ ကွင်းလယ်ကစားသမား Jiang Ning သည် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ဟက်ထရစ်ဂိုး ရသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။ ယင်း ပွဲစဉ်မတိုင်မီ တရုတ်နိုင်ငံ လက်ရွေးစင် အသင်းသည် ခြေစစ်ပွဲ တစ်လျှောက် ၃ ပွဲနိုင် ၊ ၂ ပွဲသရေ နှင့် ၁ ပွဲ ရှုံး ရလဒ်များ ထွက်ပေါ်ခဲ့ပြီး ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် ရုန်းကန်ခဲ့ရသည်။ ထို့ကြောင့် ပြင်သစ် လူမျိုးနည်းပြ Alain Perrin ကို ထုတ်ပယ်ပြီး ပြည်တွင်းနည်းပြ Gao Hongbo နှင့် အစားထိုး လဲလှယ်၍ အသင်းကို ပြန်လည် တည်ဆောက်ခဲ့သည်။ မော်လ်ဒိုက် လက်ရွေးစင် အသင်းအား အနိုင်ရရှိပြီးနောက် တရုတ်နိုင်ငံ အသင်းသည် ဟောင်ကောင် အသင်းနှင့် ရမှတ် ၁၄ မှတ်တူ ၊ ဂိုးကွာခြားချက် အနည်းဖြစ် အုပ်စု ဒုတိယနေရာ၌ ပူးတွဲ ရပ်တည်နေသည်။

အုပ်စု ( စီ ) ၏ နောက်ဆုံး ပွဲစဉ်အဖြစ် တရုတ်နိုင်ငံလက် ရွေးစင်အသင်းသည် မတ်လ ၂၉ ရက်နေ့တွင် ရမှတ် ၁၈ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည်နေသော ကာတာနိုင်ငံ လက်ရွေးစင်အသင်း နှင့် ယှဉ်ပြိုင်ကစားရန် ရှိနေသည်။ ယင်းပွဲစဉ်တွင် တရုတ်နိုင်ငံ လက်ရွေးစင် အသင်းက အနိုင်ရရှိပါက ရမှတ် ၁၇ မှတ် ရရှိမည် ဖြစ်သည်။

အကယ်၍ နောက်ဆုံး ပွဲစဉ်များအပြီး တရုတ်နိုင်ငံ လက်ရွေးစင်အသင်း နှင့် ဟောင်ကောင် လက်ရွေးစင် အသင်းတို့သည် ရမှတ် ၁၇ မှတ် တူညီနေပါက အုပ်စုပွဲစဉ် တစ်လျှောက် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့သည့် အသင်းက အုပ်စု ဒုတိယဖြင့် ၂၀၁၈ ခုနှစ် ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ပွဲစဉ်ကို သွားရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ကြောင်းသိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.