Connect with us

Sport

လက်ဝှေ့ အားကစား မြှင့်တင်ရန် မိုက်တိုင်ဆန် တရုတ် လာမည်

ကမ္ဘာကျော် လက်ဝှေ့သမား မိုက်တိုင်ဆန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့ လက်ဝှေ့ အကျော်အမော် မိုက်ကယ် ဂျရတ် မိုက်တိုင်ဆန် (Michael Gerard Mike Tyson) သည် လက်ဝှေ့လောကမှ ၁၁ နှစ်ကြာ အနားယူထားသည့်တိုင် တရုတ်နိုင်ငံ အတွင်း လူကြိုက်အများဆုံး လက်ဝှေ့ သမားအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လက်ဝှေ့ အဖွဲ့အစည်းကြီး (IBF) ၏ Weibo အကောင့်မှ ပရိသတ်များ အတွေ့ချင်ဆုံး လက်ဝှေ့သမားအား လူထုသဘောထား စစ်တမ်း ကောက်ယူခဲ့ရာ အသက် ၅၀ နှစ်အရွယ် မိုက်တိုင်ဆန်အား ၎င်း၏ Fans (ပရိသတ်များ) များက မဲပေး ရွေးချယ်ခဲ့သည်။ ယင်းအချက်ကပင် မေလ ၂၃ ရက်၌ တရုတ်နိုင်ငံသို့ မိုက်တိုင်ဆန် လာရောက်မည့် အဓိက အကြောင်းရင်း ဖြစ်လာခဲ့သည်။
မိုက်တိုင်ဆန်သည် တရုတ်နိုင်ငံ ပြည်သူ့ခမ်းမ၌ မေလ ၂၄ ရက်တွင် ပြုလုပ်မည့် 2016 IBF World Championship လက်ဝှေ့ပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။ ထို့ပြင် IBF/ USBA Convention ၃၃ ကြိမ်မြောက် အခမ်းအနားတွင် လက်ဝှေ့ အားကစား မြှင့်တင်ရေး အကြောင်း ဟောပြောရန် ရှိသလို မေလ ၂၅ ရက်တွင် ပြုလုပ်မည့် လက်ဝှေ့ပွဲသို့ တက်ရောက်ရန် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.