COVID-19 UPDATES
အိန္ဒိယနိုင်ငံတွင် COVID-19 ထပ်မံကူးစက်ခံသူ ၄၁၀,၀၀၀ ကျော် စံချိန်သစ်တင်တွေ့ရှိ
နယူးဒေလီ၊ မေ ၇ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ထပ်မံကူးစက်ခံရသူ ၄၁၄,၁၈၈ ဦး အား စံချိန်သစ်တင်တွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် စုစုပေါင်း ကူးစက်ခံရသူဦးရေ ၂၁,၄၉၁,၅၉၈ ဦး ရှိလာကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားချက်အရ သိရသည်။
ယခုကဲ့သို့ တစ်ရက်တည်း ကူးစက်ခံရသူ အရေအတွက် ၄၀၀,၀၀၀ ကျော် တွေ့ရှိခြင်းမှာ မေလအတွင်းတွင် တတိယအကြိမ် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မေ ၆ ရက်တွင် နံနက်ပိုင်းမှစ၍ COVID-19 နှင့်ဆက်စပ်သော သေဆုံးမှုပေါင်း ၃,၉၁၅ ဦး ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူဦးရေ ၂၃၄,၀၈၃ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံအတွင်း ရောဂါကူးစက်ခံထားရသူဦးရေ ၃,၆၄၅,၁၆၄ ဦး ရှိနေဆဲဖြစ်ပြီး ဆေးကုသမှုခံယူပြီး ဆေးရုံမှ ဆင်းခွင့်ရသူစုစုပေါင်း ၁၇,၆၁၂,၃၅၁ ဦးရှိကြောင်း သိရသည်။
နိုင်ငံအတွင်းတွင် COVID-19 ရောဂါကူးစက်မှု ကိန်းဂဏန်းများမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သော်လည်း ဖက်ဒရယ်အစိုးရက အပြည့်အဝ lockdown ချမှတ်ဆောင်ရွက်ခြင်းမရှိသေးကြောင်း သိရသည်။ မြို့တော် ဒေလီအား မေ ၁၀ ရက်အထိ တတိယအကြိမ်မြောက် lockdown ဆက်လက်ချမှတ်ဆောင်ရွက်နေပြီး ပြည်နယ်တစ်ချို့တွင် ညမထွက်ရအမိန့်များ သို့မဟုတ် တစ်စိတ်တစ်ပိုင်း lockdown များ ချမှတ်ထားကြောင်းသိရသည်။
အိန္ဒိယနိုင်ငံတွင် ဇန်နဝါရီလမှ စ၍ တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အား စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်အထိ ကာကွယ်ဆေးအလုံးရေ ၁၆၄ သန်းကျော်အား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ တတိယအဆင့် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဥ်အဖြစ် အသက် ၁၈ နှစ်အထက် ရှိသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို မေ ၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။
တစ်နိုင်ငံလုံးတွင် မေ ၆ ရက်အထိ COVID-19 စစ်ဆေးမှုပေါင်း ၂၉၈,၆၀၁,၆၉၉ ခုအား ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အနက် စစ်ဆေးမှုပေါင်း ၁,၈၂၆,၄၉၀ ခုမှာ မေ ၆ ရက် တစ်ရက်တည်းတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ ဆေးသုတေသနကောင်စီမှ မေ ၇ ရက်တွင် ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ သိရသည်။
အိန္ဒိယနိုင်ငံတွင် COVID-19 တတိယလှိုင်း ဖြစ်ပွားမှုကို ရှောင်လွှဲ၍မရဘဲ ဗိုင်းရပ်စ်ပျံ့နှံ့မှုပိုမိုများပြားလာနိုင်ကြောင်း၊ သို့သော် ယင်းတတိယအဆင့်မှာ မည်သည့်အချိန်အတိုင်းအတာတွင် ဖြစ်ပွားမည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း အိန္ဒိယ ဖက်ဒရယ်အစိုးရ၏ သိပ္ပံဆိုင်ရာ အဓိကအကြံပေး K. Vijay Raghavan က မေ ၅ ရက်တွင်ပြောကြားသည်။ (Xinhua)
————————————
(English Version)
India records fresh high of over 410,000 new COVID-19 cases
NEW DELHI, May 7 (Xinhua) — India’s COVID-19 tally reached 21,491,598 on Friday as a fresh high of 414,188 new cases were registered in the past 24 hours, said the federal health ministry.
It was the third time this month when over 400,000 cases have been registered in a single day.
Besides, 3,915 more COVID-19-related deaths were recorded in the country since Thursday morning, taking the total death toll to 234,083, according to the health ministry.
There are still 3,645,164 active cases in the country, with an increase of 78,766 through Thursday. A total of 17,612,351 people have been cured and discharged from hospitals so far.
The COVID-19 figures continue to peak in the country, but the federal government has ruled out imposing a complete lockdown. Some states have imposed night curfews or partial lockdowns, while the capital Delhi has been put under a third successive lockdown till May 10.
So far, over 164 million vaccination doses have been administered in India since the country started the nationwide inoculation drive in January. The third phase of vaccination for people aged above 18 began on May 1.
Meanwhile, 298,601,699 COVID-19 tests have been conducted across the country till Thursday, out of which 1,826,490 tests were conducted on Thursday alone, according to the latest data issued by the Indian Council of Medical Research on Friday.
On Wednesday Principal Scientific Advisor to India’s Federal Government K. Vijay Raghavan said a third wave of COVID-19 outbreak is inevitable in India given the higher levels of the circulating virus, though “it is not clear on what time scale this phase three will occur.” Enditem
Photo-A medical worker administers a dose of COVID-19 vaccine during a countrywide vaccination drive at a hospital in Prayagraj, India, March 25, 2021. (Photo by Javed Dar/Xinhua)