Connect with us

CHINA

တရုတ်နိုင်ငံ တစ်ဝှမ်းရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ East China Normal တက္ကသိုလ်ဝင်တန်းအကြို အထက်တန်းကျောင်းတစ်ကျောင်းတွင် COVID-19 ရောဂါ ကာကွယ်ရေး နှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲသို့ တက်ရောက်နေသည့် ကျောင်းသား/သူများအား ဧပြီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တစ်ဝှမ်း ပြည်နယ်များ နှင့် ဒေသများ အများအပြားရှိ စာသင်ကျောင်းများပြန် လည်ဖွင့်လှစ်ခြင်းနှင်အတူ တက္ကသိုလ်ဝင်တန်းအကြို အထက်တန်းကျောင်းသားကျောင်းသူများ ကျောင်းပြန်တက်နေပြီဖြစ်ကြောင်း သိရသည်။ 

ပေကျင်းမြို့ ၌ တက္ကသိုလ်ဝင်တန်းအကြို အထက်တန်း ကျောင်းသား ၅၀,၀၀၀ နီးပါးသည် COVID-19 ကပ်ရောဂါ အခြေအနေ လျော့ပါးသွားသည့် အတွက် ဧပြီ ၂၇ ရက်တွင် ရွှေ့ဆိုင်းခဲ့ရသည့် စာသင်နှစ် အသစ်ကို စတင်ရန် ကျောင်းဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ၊ စာသင်ကျောင်း အများအပြားက ပြန်လည်ဖွင့်လှစ်ပြီးနောက် ယင်းတို့၏ ပထမဆုံး သင်ကြားမှု အဖြစ် ပညာရေးဆိုင်ရာ လှုပ်ရှားမှု ခေါင်းစဉ် ဖြစ်သည့် ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးအား စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ ပေကျင်းမြို့၌ အထက်တန်းကျောင်း တစ်ကျောင်းတွင် ကျောင်းသား/သူများအား ခန္ဓာကိုယ် အပူချိန်းတိုင်းတာ ဆောင်ရွက်နေမှုများအား ဧပြီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

ရှန်ဟိုင်းမြို့၌ အထက်တန်းကျောင်းများသည် ဧပြီ ၂၇ ရက်တွင် ကျောင်းဝင်းအတွင်း အတန်းများ ပြန်လည်စတင်ရန် ပထမ အသုတ် တက္ကသိုလ်ဝင်တန်းအကြို အထက်တန်း ကျောင်းသား/သူများ နှင့်အတူ တစ်စိတ်တစ်ပိုင်းပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ ပေကျင်းမြို့ ရှိ တရုတ်စိုက်ပျိုးရေးတက္ကသိုလ်ဝင်တန်းအကြို အထက်တန်းကျောင်း၌ ၌ ဧပြီ ၂၇ ရက်က စာသင်ယူနေသော ကျောင်းသား/သူများအား တွေ့ရစဉ်(ဆင်ဟွာ)

သက်ဆိုင်ရာ စည်းမျဉ်းများ အပေါ် အခြေခံပြီး ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများသည် နှာခေါင်းစည်းများ တပ်ဆင်၍ ကျောင်းတတ်ရမည်ဖြစ်ပြီး စားသောက်ဆိုင် ၊ အဆောင်များ ၊ စာသင်ခန်းများ ၊ ရေချိုးခန်းများ နှင့် အိမ်သာများကဲ့သို့ နေရာများတွင် နေ့စဉ်ပုံမှန် ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ East China Normal University တက္ကသိုလ်ဝန်တန်းအကြို အထက်တန်းကျောင်းတစ်ကျောင်း၌ တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/သူများအား ဧပြီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျောင်းသား/သူများ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်နေမှုအား ဧပြီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်ရှိ နိုင်ငံခြား ဘာသာစကားသင်ကျောင်း တစ်ခု၌ နှာခေါင်းစည်း ဝတ်ဆင်ပုံများ ပြသပေးနေသည့် ကျောင်းသား/သူများအား ဧပြီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်ရှိ နိုင်ငံခြား ဘာသာစကား သင်ကျောင်း တစ်ခု၏ စားသောက်ခန်းအတွင်း နေ့လည်စာ စားနေကြသည့် ကျောင်းသား/သူများအား ဧပြီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်ရှိ အလယ်တန်းကျောင်းတစ်ကျောင်း၌ ကျောင်းသား တစ်ဦးအား ကိုယ်ပူချိန် တိုင်းတာ စစ်ဆေးနေမှုပြုလုပ်နေသည်ကို ဧပြီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသား/သူများ အစားအစာ ရယူရန် စောင့်ဆိုင်းနေမှုအား ဧပြီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသား/သူများ နေ့လည်စာ စားသုံးနေမှုအား ဧပြီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၌ အလယ်တန်း နှင့် အထက်တန်းကျောင်းများ၏ နောက်ဆုံးနှစ် ကျောင်းသား/သူများသည် ဧပြီ ၂၇ ရက်တွင် ကျောင်းသို့ ပြန်လည် တက်ရောက်နေပြီး မူလတန်း နှင့် အလယ်တန်းကျောင်းရှိ ကျောင်းသားများသည် မေ ၁၁ ရက်တွင် ပြန်လည် တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ အနောက်မြောက်ဘက် ဆန်းရှီးပြည်နယ်မြို့တော် ရှီအန်းမြို့၌ လေးတန်းမှ ခြောက်တန်းအထိ မူလတန်းကျောင်းသားသည်လည်း ဧပြီ ၂၇ ရက်တွင် ကျောင်းသို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.