Connect with us

CHINA

တရုတ်နိုင်ငံ CDC ဌာနက COVID-19 နှင့်ပတ်သက်၍ ဇန်နဝါရီ ၄ ရက်တွင် အမေရိကန်နိုင်ငံသို့ အသိပေးခဲ့ဟု စက္ကူဖြူစာတမ်းတွင် ဖော်ပြ

ကမ္ဘာကျန်းမာရေးအဖွဲ့(WHO) မှ ကူးစက်ရောဂါတိုက်ဖျက်ရေး ကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆောင် Bruce Aylward က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပေကျင်းမြို့၌ ပြုလုပ်သည့် WHO-တရုတ် ပူးပေါင်းအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဗဟိုဌာန (China CDC) အကြီးအကဲက အမေရိကန်နိုင်ငံရှိ ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဌာနသို့ COVID-19 ရောဂါနှင့်ပတ်သက်၍ ဇန်နဝါရီ ၄ ရက်နေ့ထက် နောက်မကျဘဲ အသိပေးအကြောင်းကြားခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ ယနေ့ ဇွန် ၇ ရက်တွင် ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းထဲတွင် ဖော်ပြထားသည်။

“ ဇန်နဝါရီ ၄ ရက်မှာ တရုတ်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေး ဗဟိုဌာန (CDC) ရဲ့ အကြီးအကဲဟာ အမေရိကန်နိုင်ငံ CDC ဌာန ညွှန်ကြားရေးမှူးထံ ဖုန်းဆက်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအသစ် နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ် ၊  နှစ်ဖက်စလုံးအနေနဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေမှာ သတင်းအချက်အပြန်အလှန် ဖလှယ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အနီးကပ် ချိတ်ဆက်ဆောင်ရွက်မှုတွေကို ထိန်းသိမ်းသွားဖို့ သဘောတူညီခဲ့ကြပါတယ်” ဟု COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ၏ လှုပ်ရှားဆောင်ရွက်မှုများဆိုင်ရာ စက္ကူဖြူစာတမ်းထဲတွင် ဖော်ပြထားသည်။

အကြောင်းအချင်းအရာ မသိရှိရဘဲ စုစုပေါင်း လူ ၄၄ ဦး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကူးစက်ပျံ့နှံ့မှုဖြစ်ပေါ်နေကြောင်း ဝူဟန့်မြို့တော်ကျန်းမာရေးတာဝန်ရှိသူများထံမှ သတင်းပေးပို့ချက်ရရှိပြီးနောက်တစ်ရက်တွင် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံနှင့် ချိတ်ဆက်ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၃ ရက်တွင် လုပ်ရိုးလုပ်စဉ်အခြေခံစည်းမျဉ်းတစ်ခုဖြင့် တရုတ်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၊ သက်ဆိုင်ရာ နိုင်ငံများ နှင့် ဒေသများရှိ အဖွဲ့အစည်းများထံသို့ ရောဂါနောက်ဆုံးအခြေအနေကို စတင်ပေးပို့ခဲ့သည့်အပြင် ၎င်း၏ ကိုယ်ပိုင်ဒေသများဖြစ်သည့် ဟောင်ကောင် ၊ မကာအို နှင် ထိုင်ဝမ် သို့လည်း ရောဂါအခြေအနေနှင့်ပတ်သက်၍ အသိပေးခဲ့ကြောင်း စက္ကူဖြူစာတမ်းက ဆိုသည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.