Connect with us

CHINA

လူမှုအသိုက်အဝန်းရှိ အလုပ်သမား ဝန်ထမ်းပေါင်း ၄ သန်းက တရုတ်တစ်နိုင်ငံလုံးရှိ မြို့ပြကျေးရွာရပ်ကွက်များတွင် ရောဂါတိုက်ဖျက်ရေးအတွက် စုပေါင်းပါဝင် ကြိုးပမ်းကြကြောင်း စက္ကူဖြူစာတမ်း ဖော်ပြ

တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် တိတ်တဆိတ်နောက်ကွယ်မှ ပံ့ပိုးကူညီဆောင်ရွက်နေကြသည့် အလုပ်သမားဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၇ ရက်(ဆင်ဟွာ)

လူမှုအသိုက်အဝန်းရှိ အလုပ်သမားဝန်ထမ်းပေါင်း ၄ သန်းသည် တရုတ်တစ်နိုင်ငံလုံးရှိ မြို့ပြကျေးရွာ ရပ်ကွက်ပေါင်း ၆ သိန်း ၅ သောင်းတွင် ရောဂါစောင့်ကြပ်စစ်ဆေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ အဝင်အထွက်စစ်ဆေးခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ပိုးသတ်ခြင်းစသည့် ကျရာတာဝန်တွင် ကျေပွန်စွာထမ်းဆောင်လျက် ကပ်ရောဂါကာကွယ်ထိန်းချုပ် ပထမဂိတ်ကို လုံခြုံအောင် ဆောင်ရွက်ပေးခဲ့ကြကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ ဇွန် ၇ ရက်တွင် ထုတ်ပြန်သည့် COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ၏လှုပ်ရှားဆောင်ရွက်မှုများ စက္ကူဖြူစာတမ်းတွင် ဖော်ပြထားခဲ့သည်။ 

ပစ္စည်းပို့ဆောင်ရေး(delivery) ၊ သန့်ရှင်းရေး၊ လမ်းပန်းဆက်သွယ်ရေးအတွက် သယ်ယူပို့ဆောင်ရေး၊ သတင်းမီဒီယာ၊ စေတနာ့ဝန်ထမ်းစသည့် လုပ်ငန်းကဏ္ဍအသီးသီးမှ ဝန်ထမ်းအသီးသီးက မိုးလေမကြောက် မိမိ၏လုပ်ငန်းတာဝန်ကို လေးနက်တည်ကြည်စွာ ထမ်းဆောင်ခဲ့ကြကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် တိတ်တဆိတ်နောက်ကွယ်မှ ပံ့ပိုးကူညီဆောင်ရွက်နေကြသည့် အလုပ်သမားဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ကပ်ရောဂါကာလတွင် အိမ်ပေါင်းများစွာ မိသားစုပေါင်းများစွာက တံခါးပိတ်နေခဲ့ကြရာတွင် သန်းနှင့်ချီသော အမြန်အချောပို့(delivery)ဝန်ထမ်းများက ရာသီဥတုမရှောင် ဆီးနှင်းလေပြင်းများအကြား ကပ်ရောဂါဘေးအန္တရာယ်အကြား မြို့ပြကျေးရွာများတွင် ပစ္စည်းများကို အပြေးအလွှားပို့ဆောင်ပေးကာ နွေးထွေးမှုပေးခဲ့သလို သန့်ရှင်းရေးဝန်ထမ်း ၁.၈သန်းကလည်း နေ့ညမအား ပင်ပန်းဆင်းရဲမှုကိုမမှုဘဲ ကျန်းမာရေးအတွက် ပိုးသတ်ခြင်း၊ ဆေးသုံးစွန့်ပစ္စည်းနှင့်အမှိုက်သရိုက်များ ရှင်းလင်း သယ်ဆောင်ပေးခဲ့ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးဝန်ထမ်းများကလည်း မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သလို မြို့အများစုတွင် အငှားယာဉ်မောင်းများကလည်း အနားမယူ အလုပ်ဆင်းခဲ့ကြရာ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ကုန်ပစ္စည်းထုတ်လုပ်ရေး၊သယ်ယူပို့ဆောင်ရေးနှင့်လုပ်ငန်းများ ပြန်လည်လည်ပတ်ရာတွင် အားကောင်းသည့် အာမခံမှုဖြစ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် တိတ်တဆိတ်နောက်ကွယ်မှ ပံ့ပိုးကူညီဆောင်ရွက်နေကြသည့် အလုပ်သမားဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် တိတ်တဆိတ်နောက်ကွယ်မှ ပံ့ပိုးကူညီဆောင်ရွက်နေကြသည့် အလုပ်သမားဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် တိတ်တဆိတ်နောက်ကွယ်မှ ပံ့ပိုးကူညီဆောင်ရွက်နေကြသည့် အလုပ်သမားဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် တိတ်တဆိတ်နောက်ကွယ်မှ ပံ့ပိုးကူညီဆောင်ရွက်နေကြသည့် အလုပ်သမားဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

သတင်းမီဒီယာသမားများကလည်း အန္တရာယ်မကြောက်ရှေ့တန်းသွားရောက်ကာ တရုတ်နိုင်ငံ၏ကပ်ရောဂါတိုက်ဖျက်ရေးကို မှတ်တမ်းပြုကာ တရုတ်နိုင်ငံပြည်သူများ ကပ်ရောဂါတိုက်ဖျက်ရန်အတွက် ခွန်အားနှင့်နွေးထွေးမှုကို ဆောင်ကြဉ်းပေးကြသလို သာမန်အရပ်သားပြည်သူများကလည်း ရှေ့တန်းသို့သွားရောက်၍ စေတနာ့ဝန်ဆောင်မှုပေးနိုင်ရန် ပူးပေါင်းပါဝင်ကြပြီး ရပ်ကွက်များတွင် ရောဂါဖြစ်ပွားသူ လူနာများကို စစ်ဆေးခြင်း၊ သန့်ရှင်းရေးအတွက် ပိုးသတ်ခြင်း၊ ဆေးဝယ်ပေးခြင်း ၊ ဈေးဝယ်ပေးခြင်း၊ အရေးပေါ်အခက်အခဲများကို ဖြေရှင်းပေးခြင်းတို့ကို တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

တစ်နိုင်ငံလုံးတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မေ ၃၁ ရက်အထိ အမည်စာရှင်းပေးသွင်းသည့် စေတနာ့ဝန်ထမ်းပေါင်း ၈.၈၁ သန်း ရှိပြီး  ဝန်ဆောင်မှုပေါင်း ၆သန်း ၄ သိန်းကျော်ကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(Xinhua)