CHINA
ပေကျင်းမြို့တွင် ဩဂုတ် ၈ ရက်က COVID-19ရောဂါအသစ်ထပ်တိုးလူနာ မရှိ

ပေကျင်း၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)
ဩဂုတ် ၈ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ၊ သံသယလူနာနှင့်လက္ခဏာမပြရောဂါကူးစက်သူ မရှိကြောင်း ပေကျင်းမြို့ ကျန်းမာရေးကော်မရှင်၏ ဩဂုတ် ၉ ရက် ထုတ်ပြန်ချက်များအရ သိရသည်။
ဇူလိုင် ၂၇ ရက်မှစ၍ ပေကျင်းတွင် စုစုပေါင်း ထုတ်ပြန်ထားသည့် တာ့လျန်မြို့နှင့်ဆက်စပ်သည့် လူနာ ၄ ဦး၊ ပြည်ပမှဝင်ရောက်လာသော လူနာ ၂ ဦးရှိကြောင်း သိရသည်။(Xinhua)