Connect with us

CHINA

ပေကျင်းမြို့တွင် ဩဂုတ် ၈ ရက်က   COVID-19ရောဂါအသစ်ထပ်တိုးလူနာ မရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့ ဝမ့်ကျင်း၏ညမြင်ကွင်းအား ဩဂုတ် ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

ပေကျင်း၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

ဩဂုတ် ၈ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ၊ သံသယလူနာနှင့်လက္ခဏာမပြရောဂါကူးစက်သူ မရှိကြောင်း ပေကျင်းမြို့ ကျန်းမာရေးကော်မရှင်၏ ဩဂုတ် ၉ ရက် ထုတ်ပြန်ချက်များအရ သိရသည်။

ဇူလိုင် ၂၇ ရက်မှစ၍ ပေကျင်းတွင် စုစုပေါင်း ထုတ်ပြန်ထားသည့် တာ့လျန်မြို့နှင့်ဆက်စပ်သည့် လူနာ ၄ ဦး၊ ပြည်ပမှဝင်ရောက်လာသော လူနာ ၂ ဦးရှိကြောင်း သိရသည်။(Xinhua)