ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ရောဂါအများဆုံးဖြစ်ပွားခဲ့သော နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်နှင့် ပြည်နယ်မြို့တော် ဝူဟန့်တို့သည် တရုတ်ပြည်သူ ၁.၄ ဘီလီယံ၏ အားပေးထောက်ပံ့မှုကို ရရှှိခဲ့ကြောင်း ကျန်းမာရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဝူဟန့်၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အများဆုံးဖြစ်ပွားခဲ့သော ဝူဟန့်မြို့ရှိ အသက်ရာကျော်ရှိသော COVID-19 လူနာ ၈ ဦးအနက် ၇ ဦးသည် ရောဂါသက်သာ၍ ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိခဲ့ကြောင်း၊ ၎င်းလူနာများအနက် အသက်အကြီးဆုံးမှာ ၁၀၈ နှစ်ဖြစ်ကြောင်း သိရသည်။
ဝူဟန့်၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုဒဏ်အများဆုံးခံစားခဲ့ရသော ဝူဟန့်မြို့အား သီတင်းပတ် ၁၁ ပတ်နီးပါး အသွားအလာကန့်သတ်ပိတ်ပင်ထားရာမှ ဧပြီ ၈ ရက်ကစတင်၍ ခရီးသွားလာခွင့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်ပြီဖြစ်သည်။
ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်းရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ အများဆုံးဖြစ်ပွားခဲ့သည့် ဟူပေပြည်နယ်တွင် မြို့တော် ဝူဟန့်ရှိဆေးရုံမှ နောက်ဆုံးလူနာ ၁၂ ဦး ဆေးရုံမှဆင်းသွားပြီးနောက် ယခုအခါ COVID-19 လူနာကင်းစင်သွားပြီဖြစ်သည်။ နိုင်ငံတစ်ခုလုံးအနေဖြင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေး တိုက်ပွဲကို အနိုင်ရရှိရန် ခြေတစ်လှမ်းနီးကပ်လာပြီဖြစ်သည်။
ဆန်းကျန့်၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအတွင်း လူငယ်များက မိမိတတ်စွမ်းရာနေရာမှ ပါဝင်လျက် စေတနာ့ဝန်ထမ်းခဲ့ကြရာ ၁၉၉၃ ခုနှစ်တွင် မွေးဖွားခဲ့သည့် လီဝန်ချီ တစ်ယောက်လည်း အပါအဝင်ဖြစ်ပါသည်။
ပေကျင်း၊ မေ ၁ ရက် (ဆင်ဟွာ) တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ကူးစက်ခံရသည့် အတည်ပြုလူနာ အရေအတွက်သည် မေ ၁ ရက်အထိ ၃ သန်းကျော် ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာဌာနမှ မေ ၁ ရက် ဂရင်းနစ်စံတော်ချိန် ၀၀၀၀ တွင် နောက်ဆုံးကောက်ယူထားသော...
ပေကျင်း၊ မေ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပုဂ္ဂလိကဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီကြီးတစ်ခု၏ ဝန်ထမ်းများထံမှ စာတစ်စောင်အား ဧပြီ ၃၀ ရက်က ပြန်ကြားခဲ့ပြီး အဆိုပါ ဝန်ထမ်းများနှင့် နိုင်ငံတစ်ဝန်းရှိ အခြား အလုပ်သမားပြည်သူများထံသို့ ကမ္ဘာ့အလုပ်သမားနေ့အတွက် နှုတ်ခွန်းဆက်လိုက်သည်။
ပေကျင်း ၊ မေ ၁ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် က တရုတ် နိုင်ငံ ပြည်တွင်း ၌ ဖြစ်ပွား သည့် COVID-19 ရောဂါ အား ပြည်ပ သို့ ပြန့်ပွားအောင် ဆောင်ရွက်သည့် ဝေဖန်မှုများ...
ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ လျော့ကျလာသဖြင့် အမျိုးသားပြတိုက်ကို အများပြည်သူအားလပ်ရက်ငါးရက်၏ ပထမဆုံးရက်ဖြစ်သည့် မေ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ၎င်း၏ဝက်ဘ်ဆိုက်စာမျက်နှာ ကြော်ငြာစာအရ သိရသည်။
ဖနွမ်းပင် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးများသည် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ဧပြီ ၂၉ ရက်တွင် သဘောတူခဲ့ကြကြောင်း ပူးတွဲ ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။