INTERNATIONAL ORGANIZATION
တရုတ်နိုင်ငံ ပြင်ပ၌ COVID-19 ရောဂါ အတည်ပြုလူနာ ၄၈၉,၄၄၈ ဦးရှိပြီဖြစ်ကြောင်း WHO ပြောကြား

ဂျီနီဗာ၊ မတ် ၂၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၄၈၉,၄၄၈ ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၂၈ ရက်က ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါဖြစ်ပွားမှု နေ့စဉ် အစီရင်ခံချက်များအရ မတ် ၂၈ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီအထိ တရုတ်နိုင်ငံ ပြင်ပ၌ COVID-19 ရောဂါ အတည်ပြုလူနာသည် ပြီးခဲ့သောရက်ကထက် ၆၂,၃၆၂ ဦး ထပ်တိုးခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၄၈၉,၄၄၈ဦး ရှိပြီဖြစ်ကြောင်း နှင့်ထပ်ထိုးသေဆုံးသူ ၃,၁၅၆ ဦး ရှိရာ စုစုပေါင်း သေဆုံးသူ ၂၃,၁၉၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ရောဂါဖြစ်ပွားသူသည် ပြီးခဲ့သောရက်ကထက် ၆၂,၅၁၄ ဦး ထပ်တိုးလာရာ စုစုပေါင်း အတည်ပြုလူနာ ၅၇၁,၆၇၈ ဦး ရှိကြောင်းနှင့် ထပ်တိုးသေဆုံးသူ ၃,၁၅၉ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၂၆,၄၉၄ ဦး ရှိကြောင်း သိရသည်။ (Xinhua)