Connect with us

INTERNATIONAL ORGANIZATION

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားသူ ၆ သိန်း ၃ သောင်းကျော် ရှိပြီဟု WHO ပြောကြား

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၃၀ ရက်(ဆင်ဟွာ) 

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားသူ ၆သိန်း ၃ သောင်းကျော် ရှိပြီဖြစ်ရာ စုစုပေါင်း ၆၃၄,၈၃၅ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၂၉ ရက်က ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ  သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါဖြစ်ပွားမှု နေ့စဉ် အစီရင်ခံချက်များအရ မတ် ၂၉ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီအထိ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၆၃၄,၈၃၅ ဦး ရှိပြီး သေဆုံးသူ စုစုပေါင်း ၂၉,၉၅၇ ဦးရှိကြောင်းနှင့် ရောဂါဖြစ်ပွားသည့် နိုင်ငံနှင့်ဒေသပေါင်း ၂၀၂ ခု ရှိကြောင်း သိရသည်။

COVID-19 ရောဂါ ကာကွယ်ဆေးကို သုတေသနပြုဖော်ထုတ်ရန် အနည်းဆုံး ၁၂ လ မှ ၁၈ လအထိ လိုမည် ဖြစ်ရာ ထိုသို့ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင်ပင် COVID-19  အဆုတ်ရောင်ရောဂါ လက်တွေ့ စမ်းသပ်ကုထုံးနည်းလမ်းများကို တစ်ကမ္ဘာလုံးတွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် က မတ် ၂၇ ရက် ပြောကြားခဲ့သည်။ (Xinhua)