Connect with us

INTERNATIONAL ORGANIZATION

IMF က COVID-19 ကာကွယ်ရေးအတွက် ကူညီရန် အရေးပေါ်ငွေကြေး အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ ထောက်ပံ့မည်

IMF မန်နေဂျင်းဒါရိုက်တာ ခရစ္စတာလီနာ ဂျော်ဂျီဗာနှင့် ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဋ္ဌ ဒေဗင် မယ်လ်ပတ်စ်တို့ မတ်လ ၄ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၅ ရက် (ဆင်ဟွာ)

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ဝင်ငွေနည်းနှင့် ဈေးကွက်ပေါ်ထွန်းစနိုင်ငံများသို့ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုအတွက် အရေးပေါ်ငွေကြေးလိုအပ်မှု အလျင်အမြန်ထုတ်ပေးရေးအဖွဲ့မှတစ်ဆင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ခန့် ထောက်ပံ့မည်ဖြစ်ကြောင်း မတ် ၅ ရက်တွင် ကြေညာလိုက်သည်။

“ရောဂါပျံ့နှံ့မှုက အရမ်းကိုမြန်ဆန်တယ်ဆိုတာ ကျွန်မတို့သိပါတယ်။ ကျွန်မတို့အဖွဲ့ဝင်နိုင်ငံ သုံးပုံတစ်ပုံကို တိုက်ရိုက်ထိခိုက်နေတဲ့အတွက် ဒါဟာ ဒေသတွင်းကိစ္စရပ်တစ်ခု မဟုတ်တော့ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ တုန့်ပြန်မှုလို့ခေါ်ဆိုနိုင်တဲ့ ကမ္ဘာ့ပြဿနာတစ်ခုဖြစ်နေပါတယ်” ဟု IMF မန်နေဂျင်းဒါရိုက်တာ ခရစ္စတာလီနာ ဂျော်ဂျီဗာ (Kristalina Georgieva) က ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဋ္ဌ ဒေဗစ် မယ်လ်ပတ်စ် (David Malpass) နှင့်အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 IMF မန်နေဂျင်းဒါရိုက်တာ ခရစ္စတာလီနာ ဂျော်ဂျီဗာနှင့် ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဋ္ဌ ဒေဗင် မယ်လ်ပတ်စ်တို့ မတ်လ ၄ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဆင်ဟွာ)

 IMF မန်နေဂျင်းဒါရိုက်တာ ခရစ္စတာလီနာ ဂျော်ဂျီဗာနှင့် ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဋ္ဌ ဒေဗင် မယ်လ်ပတ်စ်တို့ မတ်လ ၄ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဆင်ဟွာ)

“မည်သို့သောအခြေအနေအရ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့တိုးတက်မှုက ၂၀၁၉ ခုနှစ်ကအဆင့်ထက် လျော့ကျသွားမှာပဲ” ဟု ဂျော်ဂျီဗာက ဆိုသည်။IMF က ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုသည် ၂၀၁၉ ခုနှစ်က ၂ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိမည်ဟု ဇန်နဝါရီလအတွင်းက ခန့်မှန်းထားခဲ့ကြောင်း၊ ယင်းနောက် ဖေဖော်ဝါရီလတွင် ကမ္ဘာ့တိုးတက်မှုကို ၃ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟု ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရသည်။“ကျွန်မတို့ရဲ့ ဝင်ငွေနည်းနဲ့ ရပ်တည်ရန်ခက်ခဲ့တဲ့အဖွဲ့ဝင်နိုင်ငံတစ်ခုချင်းစီအတွက် စိုးရိမ်မိပါတယ်။ အဲဒီနိုင်ငံတွေက ဗိုင်းရပ်စ်ပိုးကူးစက်မှု မြင့်တက်လာလို့ စီးပွားရေးနဲ့ လူသား ကုန်ကျစရိတ်တွေကြောင့် ငွေကြေးလိုအပ်မှုတွေ အလျင်အမြန် မြင့်တက်လာနိုင်တယ်” လို့ IMF အကြီးအကဲက ပြောခဲ့သည်။  (Xinhua)