Connect with us

INTERNATIONAL ORGANIZATION

ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ဖြစ်ပွားသူ ၉၃,၀၀၀ ကျော် ရှိပြီဟု WHO ပြောကြား 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏မတ်၄ ရက်တွင် ရရှိသော ကိန်းဂဏန်းများအရ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေပြပုံအား တွေ့ရစဉ် (ဓါတ်ပုံ- WHO)

ဂျီနီဗာ၊ မတ် ၅ ရက်(ဆင်ဟွာ) 

မတ် ၄ ရက် ဗဟိုဥရောပစံတော်ချိန်(CET) နံနက် ၁၀ နာရီတွင် ရရှိသည့် နိုင်ငံ အသီးသီး၏ အစီရင်ခံစာ ကိန်းဂဏန်းများအရ တစ်ကမ္ဘာလုံးတွင် COVID-19ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၃,၀၀၀ အထိ ရှိပြီဖြစ်ပြီး အတည်ပြုလူနာတွေ့ရှိသည့် နိုင်ငံ ၄ နိုင်ငံထပ်တိုးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားခဲ့သည်။ 

WHO ၏ ကိန်းဂဏန်းများအရ လွန်ခဲ့သည့်ရက်နှင့်နှိုင်းယှဉ်ပါက တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြစ်ပွားသူ လူနာအရေအတွက်မှာ ၂,၂၂၃ ဦး တိုးလာရာ စုစုပေါင်း ၉၃,၀၉၀ ဦး ရှိပြီဖြစ် ကြောင်း သိရသည်။ တရုတ်နိုင်ငံ ပြင်ပတွင် လူနာအရေအတွက် ၁၂,၆၆၈ ဦး  ၊ သေဆုံးသူ ၂၁၄ ဦး ရှိကြောင်း သိရသည်။ အတည်ပြုလူနာတွေ့ရှိသည့် အသစ်ထပ်တိုး နိုင်ငံ ၄ နိုင်ငံမှာ အာဂျင်တီးနား၊ ချီလီ၊ ပိုလန်၊ ယူကရိန်း နိုင်ငံများဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံပြင်ပ COVID-19 ရောဂါအတည်ပြုလူနာ ရှိသော နိုင်ငံသည် ၇၆ နိုင်ငံ အထိ တိုးမြှင့်လာကြောင်း သိရသည်။  (Xinhua)