MYANMAR
COVID-19 ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၀၄ ဦး ထပ်တိုး ၊ တစ်ရက်အတွင်း လူနာသစ် ၂၈၄ ဦး တွေ့ရှိခြင်းဖြစ်

ရန်ကုန် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)
COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရ အတည်ပြုလူနာသစ် ၁၀၄ ဦး တွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာ ၁၄ ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၈၄ ဦး ထိတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် စက်တင်ဘာ ၁၄ ရက်အတွက် စုစုပေါင်း ဓာတ်ခွဲနမူနာ ၄,၄၅၈ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၈၀ ဦး နှင့် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၀၄ ဦးတို့အား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃,၂၉၉ ဦး ရှိပြီး အတည်ပြု လူနာများအနက် သေဆုံးသူ ၃၂ ဦး ရှိခဲ့ကြောင်း သိရသည်။ ထို့အတူ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာများအနက် စက်တင်ဘာ ၁၄ ရက်အထိ စုစုပေါင်း ၇၉၀ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ (Xinhua)