Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါအတည်ပြုလူနာ ၃၁၀၀ ကျော်ရှိ ၊ သေဆုံးသူ ၃၂ ဦး ထိရှိလာ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၈၀ ဦး နှင့် သေဆုံးလူနာ ၆ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းအချိန်တွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃,၁၉၅ ဦး နှင့် သေဆုံးသူ ၃၂ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ 

COVID-19 လူနာများအခြေအနေ ထုတ်ပြန်မှုအရ သေဆုံးသွားခဲ့သော လူနာ ၆ ဦးအနက် မြောက်ဥက္ကလာပအထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူခဲ့သော အသက် (၅၉) နှစ်အရွယ် ဆီးချို၊ သွေးတိုးနှင့် ကျောက်ကပ် ရောဂါအခံရှိသူ အမျိုးသမီး (Case-2848) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။ 

ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၆၆) နှစ် အရွယ် ပန်းနာရင်ကြပ်ရောဂါ၊ သွေးတိုးရောဂါနှင့် အသည်းရောင်အသားဝါ (စီ) ရောဂါပိုး အခံရှိသူ အမျိုးသား (Case-2827) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၈၄) နှစ် အရွယ် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး (Case-2828) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် တက်ရောက် ကုသမှုခံယူလျက်ရှိသော အသက် (၆၇) နှစ်အရွယ် သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်း ရောဂါအခံရှိသူ အမျိုးသား (Case-2308) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူလျက်ရှိသော အသက် (၅၀) နှစ်အရွယ် ဆီးချို၊ နှလုံးနှင့် သွေးတိုး ရောဂါအခံရှိသူ အမျိုးသမီး (Case-1351) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း ဖြင့် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

မြောက်ဥက္ကလာပအထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူလျက်ရှိသော အသက် (၈၀) နှစ်အရွယ် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-2847) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၄ ရက် နေ့လည်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

ယခုအခါ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာများအနက် စုစုပေါင်း (၇၉၀) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် စက်တင်ဘာ ၁၄ ရက်အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၂၁၄ ခု အား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ အတည်ပြုလူနာသစ် ၁၈၀ ဦး တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)