MYANMAR
၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၁၈၀ ဦး တွေ့ရှိ

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)
COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအရ ပြီးခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၁၈၀ ဦး တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၄၉၂ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၉,၁၀၃ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၁,၁၈၀ ဦး တွေ့ရှိခဲ့ကြောင်းနှင့် သေဆုံးလူနာ ၃၄ ဦး ရှိကြောင်း သိရသည်။Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများ နှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီး အဆိုပါ စစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်း ပါဝင်ကြောင်း သိရသည်။
သေဆုံးသူ ၃၄ ဦးအနက် ရောဂါအခံရှိသူ ၃၀ ဦး ပါဝင်ကြောင်း နှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်း အသွားအလာ ကန့်သတ် ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများ နှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ ၁,၅၃၆ ဦးအား ၎င်းတို့၏ နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြပ် ကြည့်ရှု သွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ထည့်သွင်း ထုတ်ပြန်ခဲ့သည်။မြန်မာနိုင်ငံ၌ ယခုအထိ ဓာတ်ခွဲနမူနာပေါင်း ၅၂၉,၂၁၃ ခုအား စစ်ဆေးခဲ့ပြီးဓာတ်ခွဲအတည်ပြုလူနာပေါင်း ၃၇,၂၀၅ ဦး တွေ့ရှိခဲ့ကြောင်း နှင့် ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၁၇,၅၆၈ ဦး ၊ သေဆုံးသူပေါင်း ၉၁၄ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)