Connect with us

MYANMAR

Stay at Home မြို့နယ်များတွင် အသက် ၆၀ ကျော်များ ကြိုတင်မဲပေးနိုင်မည့် အစီအစဉ်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တင်ပြထားကြောင်းဆို

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူများသို့ COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေ အစီရင်ခံတင်ပြသည့် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-- Myanmar Digital News)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကူးစက်နေသူ Coronavirus Disease 2019  များသည်ဟုဆိုကာ သတ်မှတ်ထားသည့် Stay at Home မြို့နယ်များတွင် အသက် ၆၀ ကျော်များ ကြိုတင်မဲပေးနိုင်မည့် အစီအစဉ်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တင်ပြထားကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ကောင်းကျိုးနှစ်ခုရှိကြောင်း COVID-19 ကာကွယ်ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၉ ရက် ညပိုင်းတွင်  COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

“တစ်ခုကတော့ အသက် ၆၀ ကျော်တွေဆိုတာဟာ အသက်ကြီးတာနဲ့အမျှ၊ အသက် ၆၀ ကျော်လာတာနဲ့အမျှ ကိုဗစ်ရောဂါရလို့ရှိရင် နည်းနည်းပိုပြီးတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိပါတယ်။ စိုးရိမ်ရတဲ့ အသက်အရွယ်တွေ လုံခြုံအောင်လို့ဆိုပြီးတော့ ကြိုတင်မဲပေးနိုင်ဖို့ ကျွန်မတို့ အစီအစဉ်တွေ စပြီးတော့လုပ်ပါမယ်။နောက်တစ်ခုက ဘာလဲဆိုရင် ဒီလိုအသက် ၆၀ ကျော်တွေက ကြိုတင်မဲပေးမယ်ဆိုရင် ရွေးကောက်ပွဲနေ့မှာ မဲရုံတွေမှာ သွားပြီးတော့ မဲပေးမယ့်လူတွေရဲ့ အရေအတွက်ပါ ကျသွားမယ်။ အရေအတွက် ကျဆင်းသွားတဲ့အခါကျတော့ လိုအပ်တဲ့ ကွာခြားမှုဖြစ်တဲ့ ၆ ပေကွာခြားပြီးလုပ်တာ၊ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုနည်းအောင် စည်းကမ်းတွေကို အကောင်အထည်ဖော်တာ လုပ်နိုင်တဲ့အခါကြတော့ ပိုပြီးတော့ အားလုံးလုံခြုံမှု ဖြစ်ပါတယ်။” ဟု ၎င်းကပြောကြားခဲ့သည်။

ပြည်သူများလုံခြုံမှုအတွက် လိုအပ်သော Mask ၊ Faceshield များအား  နိုင်ငံတော်က တာဝန်ယူ လုပ်ပေးမည်ဖြစ်ကြောင်း၊ထို့ပြင် နောက်ဆုံး စဉ်းစားထားမှုမှာ  ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၎င်းအချက်အားသဘောတူကြောင်း၊ Stay at Home မြို့နယ်များတွင် အသက် ၆၀ ကျော်များ အားလုံးကြိုတင်မဲပေးနိုင်မည်ဖြစ်သောကြောင့်  ရွေးကောက်ပွဲနေ့တွင်လည်း အခြေအနေများ ပို၍ကောင်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

“ကျန်းမာရေးအရလည်း အသက် ၆၀ ကျော်တွေအတွက် ပိုပြီးတော့ စိတ်ချရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မလည်း ကြိုတင်မဲပေးလို့ရတာပေါ့။ ဒီအပြင် Stay at Home မြို့နယ်တွေအပြင် လူဦးရေများတဲ့ မြို့နယ်တွေကိုပါ ဒီလိုအစီ အစဉ်၊ အသက် ၆၀ ကျော်တွေကို ကြိုတင်မဲပေးနိုင်မယ့် အစီအစဉ်တွေလုပ်ဖို့ ကျွန်မတို့ ညှိနှိုင်းနေပါတယ်။ ဘယ်လိုသတ်မှတ်မလဲဆိုတာတော့ ကျွန်မတို့ဆုံးဖြတ်ရမှာပါ။ လူဦးရေများတယ်ဆိုတာကို  ဘယ်လိုအတိုင်းအတာ၊ ဘယ်လိုအတိုင်းအဆနဲ့ သတ်မှတ်မလဲဆိုတာကို ကျွန်မတို့ တိတိကျကျ မဆုံးဖြတ်ရသေးပါဘူး။ ဆုံးဖြတ်ပြီးတာနဲ့ ပြည်သူတွေကို ကျွန်မတို့အသိပေး မှာဖြစ်ပါတယ်’’ ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.