Connect with us

MYANMAR

COVID-19 အတည်ပြုလူနာသစ် (၂,၁၅၈) ဦးတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင်အတည်ပြုလူနာစုစုပေါင်း (၂၆,၀၆၄)ဦးအထိရှိလာ

နှာခေါင်းစည်းဖြင့်သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

COVID-19 အတည်ပြုလူနာသစ် (၂,၁၅၈) ဦးအားတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၂၆,၀၆၄) ဦးရှိလာပြီဖြစ်ကာ လူနာ(၃၂)ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၅၉၈) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၁၀ ရက် ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့သေဆုံးသူ(၃၂) ဦးအနက် ရောဂါအခံရှိသူ (၃၁)ဦးပါဝင်ကြောင်းသိရသည်။ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၃၁၂)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၇,၀၅၀)ဦး ရှိလာခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၆,၃၁၂) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိစုစုပေါင်း(၃၉၉,၁၅၂) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ယနေ့စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာများတွင် လွန်ခဲ့သောရက်အနည်းငယ်က ဓာတ်ခွဲစစ်ဆေးရန်ကျန်ရှိသည့် ဓာတ်ခွဲနမူနာများပါဝင်ကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၄၆၁)ဦးရှိရာရန်ကုန်တိုင်းဒေသကြီးက (၁,၂၀၇) ဦးဖြင့်အများဆုံးတွေ့ရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှ (၆၇) ဦး၊ရခိုင်ပြည်နယ်မှ(၂၇)ဦး၊ပဲခူးတိုင်းဒေသကြီးမှ (၃၅)ဦး၊ဧရာဝတီတိုင်းဒေသကြီးမှ (၂၁)ဦး၊မွန်ပြည်နယ်မှ(၁၁)ဦး၊မကွေးတိုင်းဒေသကြီး မှ(၃၈)ဦး၊ နေပြည်တော်မှ(၅)ဦး၊စစ်ကိုင်းတိုင်းဒေသကြီးမှ(၂၃)ဦး၊တနင်္သာရီတိုင်းဒေသကြီးမှ(၄)ဦး၊ကရင်ပြည်နယ်မှ (၂)ဦး၊ချင်းပြည်နယ်မှ(၃)ဦး၊ကချင်ပြည်နယ်မှ(၁၅)ဦး၊ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ(၁)ဦးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ(၂)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၉ရက်တွင် စစ်ဆေးတွေ့ရှိခဲ့သောဓာတ်ခွဲအတည်ပြုလူနာ(၁,၄၆၁)ဦးတွင် အနံ့မရရှိသူ(၁၉၉)ဦးပါဝင်ကြောင်းသိရသည်။ (Xinhua)