Connect with us

COVID-19 UPDATES

ကျောင်းနေအရွယ်ကလေးငယ်များအား တရုတ်နိုင်ငံဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သော Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ ကျောင်းနေအရွယ် ကလေးများအား တရုတ်နိုင်ငံဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သော နှစ်ကြိမ်ထိုးနှံရမည့် Sinopharm COVID-19 ကာကွယ်ဆေးအား ဇွန် ၂ ရက် မှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ဇွန် ၃ ရက်တွင် ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ကျောင်းတစ်ကျောင်းတွင် တရုတ်ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သည့် Sinovac ကာကွယ်ဆေးဖြင့် ကလေးများကို ထိုးနှံပေးနေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးရှိ ကျောင်းတစ်ကျောင်းတွင် တရုတ်ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သည့် Sinovac ကာကွယ်ဆေးဖြင့် ကလေးများကို ထိုးနှံပေးနေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးရှိ ကျောင်းတစ်ကျောင်းတွင် တရုတ်ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သည့် Sinovac ကာကွယ်ဆေးဖြင့် ကလေးများကို ထိုးနှံပေးနေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒေါက်တာသန်းနိုင်စိုးက “ဇွန် ၂ ရက်က တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအားလုံးမှာ Sinopharm COVID-19 ကာကွယ်ဆေးကို စတင်ထိုးနှံပေးလျက်ရှိပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းတဲ့ ကာကွယ်ဆေး ၁၀ သန်းထဲကလည်းပါပါတယ်။ ကလေးတွေ ပညာသင်ကြားတဲ့အခါမှာ COVID-19 နဲ့ ပတ်သက်ပြီး အန္တရာယ်ကင်းကင်းနဲ့ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ဖြစ်တာပါ’’ ဟု ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ကျောင်းသားများကို COVID-19 ရောဂါကာကွယ်ဆေးအား အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း COVID-19 ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ကျောင်းနေအရွယ်ကလေးအချင်းချင်း ကူးစက်မှုရှိခဲ့ရင် မိဘတွေကိုဆက်လက်ကူးစက်နိုင်တဲ့ ကွင်းဆက်တွေ ကိုလည်း ကာကွယ်ဆေးတွေက ဖြတ်တောက်လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ လူဦးရေ အားလုံး ကာကွယ်ဆေး လွှမ်းခြုံမှုအနေနဲ့ ပြန်ကြည့်ရင်လည်း ကလေးငယ်တွေကိုထိုးနှံခြင်းအားဖြင့် နိုင်ငံတွင်းမှာ ရှိတဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို ၂၀၂၂ ခုနှစ် နှစ်လယ်အတွင်းမှာ လွှမ်းခြုံနိုင်ရေးဆိုတဲ့ ရည်ရွယ်ချက် လည်းပြည့်ဝမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းအားဖြင့် လူတိုင်းမှာ ကိုယ်ခံအားရှိနေမယ်ဆိုရင် ရောဂါကူးစက်မှုနှုန်း၊ ပြင်းပြင်းထန်ထန်ဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေ လျော့နည်းသွားမှာဖြစ်ပါတယ်’’ ဟု ဒေါက်တာသန်းနိုင်စိုးက ဆက်ပြောသည်။ (Xinhua)