Connect with us

WORLD

အနောက်နိုင်ငံက ၎င်း၏ ကိုယ်ပိုင် အရည်အချင်း မရှိမှုကို အာရုံလွှဲရန် တရုတ်နိုင်ငံအပေါ် ခုတုံးလုပ်နေကြောင်း ရုရှားပညာရှင်ပြောကြား 

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ New York စတော့အိတ်ချိန်းရုံး၌ အမေရိကန် နိုင်ငံအလံများ လွှင့်ထူထားသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

အနောက်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်သော COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် ၎င်း၏ ကိုယ်ပိုင်အရည်အချင်းမရှိမှုကို အာရုံလွှဲရန် တရုတ်နိုင်ငံအပေါ် အပြစ်တင်စကားဆိုပြီး ခုတုံးလုပ်နေကြောင်း ရုရှားနိုင်ငံမှ ကျွမ်းကျင်ပညာရှင် တစ်ဦးက ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ 

“  ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးမှာ လူတိုင်းလူတိုင်းက  အနိုင်ယူဖို့ ဖြစ်နိုင်တယ်ဆိုတာကို တရုတ်နိုင်ငံက စံပြ  လုပ်ကိုင်ဆောင်ရွက်ပြခဲ့တယ်။ ဒါဟာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူများစွာအပေါ် အလေးအနက်သက်ရောက်မှုရှိ နိုင်ပါတယ်” ဟု ရုရှားနိုင်ငံ၏ ပညာရှင်အဖွဲ့တစ်ခုဖြစ်သော နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက် အကြံပေးအဖွဲ့ မှ ညွှန်ကြားရေးမှူးချုပ် Alexei Mukhin က ဆင်ဟွာဌာန နှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ နှင့် ရုရှား နိုင်ငံတို့သည် ရောဂါအား ထိရောက်စွာ တိုက်ဖျက်ရေး လုပ်ဆောင်နေရုံမျှသာမက ကူးစက်ရောဂါ ပြင်းထန်စွာ ခံစားနေရသည့် နိုင်ငံများသို့ အကာအကွယ် ပစ္စည်း ကိရိယာများ ပေးပို့ခြင်း ၊ ရောဂါဗေဒပညာရှင် အဖွဲ့များအား စေလွှတ်ခြင်းတို့ အပါအဝင် အခြားနိုင်ငံများသို့ အမျိုးမျိုးသော အကူအညီပေးမှုများကိုပါ လုပ်ဆောင်ပေးလျက် ရှိကြောင်းလည်း Mukhin က ပြောကြားခဲ့သည်။ 

“အမေရိကန်နိုင်ငံဟာ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမှုကို နေရာတကာမှာ လက်တွေ့ဖော်ပြနေသလို တရားဝင် နယ်ပယ်က ထွက်သွားခဲ့တာလည်း  ကြာပါပြီ။ ဒါကို ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ ဖြည့်စွက်လေ့လာသုံးသပ်မှုတွေ နဲ့  ကောက်ချက်ချမှုတွေ လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်” ဟု Mukhin က ပြောကြားခဲ့သည်။ 

အမေရိကန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးဝါး တီထွင် ဖန်တီးရာတွင် တိုးတက်မှုများရရှိခဲ့သော ဂျာမန် သိပ္ပံပညာရှင်များထံမှ နည်းပညာပိုင်းဆိုင်ရာ အချက်အလက် ဝယ်ယူရန်ကြိုးပမ်းခဲ့ရာတွင် ယင်းနည်းပညာကို “အမေရိကန်နိုင်ငံ တစ်နိုင်တည်းအတွက်အသုံးပြုရန်” ဟူသော ပြောကြားချက်အပေါ် Mukhin က ဥပမာပေး ပြောကြားခဲ့သည်။ 

“ဒါက အမေရိကန် နိုင်ငံရဲ့ ခေါင်းဆောင်မှုဟာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ့ သဘောထားကို လက်တွေ့ပြသနေတာပဲ ဖြစ်ပါတယ်။”ဟု Mukhin က ပြောကြားခဲ့သည်။  “ အနောက်နိုင်ငံဟာ သူတို့ဆီက နိုင်ငံရေးသမားတွေရဲ့ ရှက်စရာကောင်းတဲ့လုပ်ရပ်တွေ နဲ့ သူတို့ရဲ့ပြဿနာကို တခြားသူတွေဆီ အာရုံလွှဲအောင် ရည်ရွယ်ချက် တစ်ခုတည်းနဲ့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံကို ခုတုံးလုပ် ပြစ်တင်ပြောဆိုပြီး ကိုယ့်အပြစ်သူများအပြစ်ဖြစ်အောင် လုပ်နေကြတယ်”ဟု Mukhin က ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)