Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါအတည်ပြုလူနာ ၁ သန်းကျော် ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် ဆို 

အမေရိကန်နိုင်ငံ နယူးယောက်မြို့မြင်ကွင်းများအား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါအတည်ပြုလူနာ ၁ သန်းကျော် ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။

ဧပြီ ၂၈ ရက် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ၁၄:၅၀ နာရီတွင် ရရှိသော ကိန်းဂဏန်းများအရ အမေရိကန်တွင် COVID-19 ရောဂါအတည်ပြုလူနာအရေအတွက်သည် ၁,၀၀၂,၄၉၈ ဦးအထိ မြင့်တက်ခဲ့ပြီး သေဆုံးသူ ၅၇,၅၃၃ ဦး ရှိရာ ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူဦးရေ အများဆုံးဖြစ်ကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံ နယူးယောက်မြို့မြင်ကွင်းများအား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့မြင်ကွင်းများအား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့မြင်ကွင်းများအား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့မြင်ကွင်းများအား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့မြင်ကွင်းများအား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့မြင်ကွင်းများအား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့မြင်ကွင်းများအား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်ပြည်နယ်သည် အမေရိကန်နိုင်ငံတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံးဖြစ်ပြီး အတည်ပြုလူနာ ၂၉၅,၁၀၆ ဦး၊ သေဆုံးသူ ၂၂,၉၁၂ ဦး ရှိကြောင်း သိရသည်။ နယူးဂျာစီ ပြည်နယ်တွင် အတည်ပြုလူနာ ၁၁၃,၉၅၆ ဦး ၊ သေဆုံးသူ ၆,၄၄၂ ဦး ရှိပြီး မက်ဆာချူးဆက် ပြည်နယ်၊ အီလီနွိုက်ပြည်နယ်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ပင်ဆယ်ဗေးနီးယားပြည်နယ်များတွင် အတည်ပြုလူနာ ၄ သောင်းကျော် အသီးသီးရှိကြကြောင်း ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ သိရသည်။(Xinhua)