Connect with us

WORLD

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် ရှိ အကျဉ်းထောင် တစ်ခု တွင် ထောင်သား ၄၀၀ ကျော် COVID-19 ရောဂါ ကူးစက်ခံရ

အမေရိကန် နိုင်ငံ ရှိ အကျဉ်းထောင် တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လော့စ်အိန်ဂျလိစ် ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် ရှိ အကျဉ်းထောင် တစ်ခု တွင် အကျဉ်းသား ၄၀၀ ကျော် COVID-19 ရောဂါ ကူးစက်ခံရ ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ယင်းသည် အမေရိကန် နိုင်ငံ အကျဉ်းထောင်များအနက် ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွား သည့် အကျဉ်းထောင် တစ်ခု ဖြစ် လာကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ အကျဉ်းထောင် ဦးစီးဌာန၏ ထုတ်ပြန်ခဲ့သည့် အချက်အလက်များ အရ လော့စ်အိန်ဂျလိစ် ကောင်တီ San Pedro မြို့ terminal ကျွန်းရှိ အကျဉ်းထောင် တွင် အကျဉ်းသား ၁,၀၅၅ ဦး ရှိပြီး အကျဉ်းသား ၄၄၃ ဦးမှာ COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း ၊ ထို့ပြင် အကျဉ်းထောင်ဝန်ထမ်း ၁၀ ဦးမှာလည်း COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း ၊ ယင်း အကျဉ်းထောင်တွင် အကျဉ်းသား နှစ်ဦးမှာ COVID-19 ရောဂါဖြင့် သေဆုံး ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

terminal ကျွန်းရှိ အကျဉ်းထောင် က ယခင် အပတ် တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၅၇ ဦး သာ ရှိခဲ့ပြီး ရောဂါ စစ်ဆေးမှု ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့ရာ တွင် ကူးစက်ခံရသူ အများအပြား တိုးမြှင့်လာခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ တွင် အကျဉ်းထောင်း ၁၂၂ ခု ရှိပြီး အကျဉ်းထောင် ဝန်ထမ်းပေါင်း ၃၆,၀၀၀ ခန့်ရှိကာ အကျဉ်းသားပေါင်း ၁၅၃,၀၀၀ ဦး ခန့်ရှိကြောင်း ၊ လက်ရှိချိန်တွင် အမေရိကန် နိုင်ငံ ၌ အကျဉ်းသား ၁,၃၁၃ ဦး နှင့် အကျဉ်းထောင် ဝန်ထမ်း ၃၃၅ ဦး တို့သည် COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း နှင့် အကျဉ်းသား ၃၀ ဦး မှာ COVID-19 ရောဂါ ကြောင့် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)