Connect with us

WORLD

COVID-19 ဗိုင်းရပ်စ်ကူးစက်မှုလှိုင်း ဒုတိအကြိမ်ရိုက်ခတ်လာမည်ကို တောင်ကိုရီးယားနိုင်ငံ ပြင်ဆင်နေ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အားကစားရုံတစ်ခုအား ပိုးသတ်ဆေးဖျန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

 ဆိုးလ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ယခုလာမည့် ဆောင်းဦးနှင့် ဆောင်းရာသီတွင် တုပ်ကွေးရာသီနှင့်ပေါင်းဆုံကာ ဒုတိယအကြိမ် ဖြစ်ပေါ်လာနိုင်ခြေရှိသည့် COVID-19 ကူးစက်မှုလှိုင်းနှင့်ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာအရင်းအမြစ်များ ပြင်ဆင်သွားမည်ဟု  တောင်ကိုရီး ယားနိုင်ငံ၏ ကျန်းမာရေးတာဝန်ရှိသူများက ဧပြီ ၂၃ ရက်၌ ပြောကြားခဲ့သည်။

သဘာဝဘေး စီမံခန့်ခွဲမှု ဗဟိုရုံးချုပ်မှ ပိုးသတ်ဆေးဆိုင်ရာ အရာရှိတစ်ဦးဖြစ်သည့်  ယွန်းတေးဟို  (Yoon Tae-ho) က ကျန်းမာရေး တာဝန်ရှိသူများအနေဖြင့် ဒုတိယအကြိမ် COVID-19 ကူးစက်မှုနှင့်ပတ်သက်ပြီး ဆေးဝါး အထောက်အပံ့များနှင့် အဆောက်အအုံများ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ယွန်းက တုပ်ကွေးဗိုင်းရပ်စ်နှင့်ဆင်တူသည့် COVID-19 ရောဂါသည် တုပ်ကွေးရာသီနှင့် ပေါင်းဆုံကာ တစ်ဖန်ပြန်လည်ပျံ့နှံ့နိုင်ပြီး ဒယ်ဂူး မြို့တွင်ဖြစ်ပွားခဲ့သည်ထက် ပြင်းထန်သော ဆင့်ပွားကူးစက်မှုများ ဖြစ်ပွားနိုင်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

ဆိုးလ်မြို့အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ ခန့်တွင်ရှိသည့် ဒယ်ဂူးမြို့သည် တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်ပျံ့နှံ့မှု၏ ဗဟိုချက်ဖြစ်ခဲ့ပြီး  ဒယ်ဂူးမြို့နှင့်အနီးဝန်းကျင်ရှိ North Gyeongsang ပြည်နယ်တို့တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်သည် စုစုပေါင်း အတည်ပြုလူနာဦးရေ၏ ၈၀ ရာခိုင်နှုန်း နီးပါး ရှိခဲ့သည်။နောက်ဆုံးစာရင်းကောက်ယူမှုများအရ တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည် ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ ရှစ်ဦးကျော် ရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူ အရေအတွက် ၁၀,၇၀၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။  (Xinhua)