WORLD
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ဖြစ်ပွားသူ ၁၂ သန်းကျော်ရှိလာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ဆို

နယူးယောက် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)
ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါ ဖြစ်ပွားသူ အရေအတွက်မှာ ၁၂ သန်းကို ကျော်၍ ဇူလိုင် ၈ ရက်ညပိုင်းတွင် ၁၂,၀၁၂,၀၀၀ ဦး ထိရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE)ထံမှ သိရသည်။
ကမ္ဘာအနှံ့တွင် လူပေါင်း ၅၄၈,၉၁၄ ဦးမှာ COVID-19 ရောဂါဖြင့် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း CSSE ၏စာရင်းတွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံသည် COVID-19 ရောဂါ ဖြစ်ပွားသူ ၃,၀၅၄,၆၉၅ ဦး နှင့် သေဆုံးသူ ၁၃၂,၂၉၉ ဦး ရှိကာ ကပ်ရောဂါ ဖြစ်ပွားမှု အများဆုံး ခံစားခဲ့ရကြောင်း စာရင်းတွင် ဖော်ပြထားသည်။ ရောဂါ ဖြစ်ပွားသူ ၂၅၀,၀၀၀ ကျော်ရှိသော နိုင်ငံများထဲတွင် ဘရာဇီး ၊ အိန္ဒိယ ၊ ရုရှား ၊ ပီရူး ၊ ချီလီ ၊ ဗြိတိန် ၊ မက္ကဆီကို နှင့် စပိန်နိုင်ငံတို့ ပါဝင်ကြောင်း CSSE ထံမှ သိရသည်။ (Xinhua)