Connect with us

WORLD

ဘိုလီးဗီးယားနိုင်ငံ ကြားဖြတ်သမ္မတ COVID-19 ကူးစက်ခံရ

ဘိုလီးဗီးယားနိုင်ငံ ကြားဖြတ်သမ္မတ Jeanine Anez အား တွေ့ရစဉ် (ဆင်ဟွာ)

လာပတ်ဇ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ဘိုလီးဗီးယားနိုင်ငံ၏ ကြားဖြတ်သမ္မတ Jeanine Anez က ၎င်းတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် အသွားအလာကန့်သတ်စောင့်ကြည့်မှု ခံယူမည်ဖြစ်ကြောင်း ဇူလိုင် ၉ ရက်က ပြောကြားခဲ့သည်။

“ကျွန်မရဲ့ အဖွဲ့တစ်ခုလုံးကလည်း ဒီအချိန်တစ်ချိန်လုံးအတွင်းမှာ ဘိုလီးဗီးယား နိုင်ငံသား မိသားစုတွေအတွက် အလုပ်လုပ်ပေးလျက်ရှိပြီး သူတို့ထဲကတော်တော်များများမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တယ်။ ကျွန်မလည်း ရောဂါစစ်ဆေးမှုခံယူခဲ့ပြီး ရောဂါပိုးတွေ့ရှိခဲ့ပါတယ်” ဟု Anez က အွန်လိုင်းပေါ်တင်ခဲ့သည့် ဗီဒီယို၌ ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းအနေဖြင့် ၁၄ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်သွားမည် ဖြစ်ကြောင်းနှင့် နောက်တစ်ကြိမ် ရောဂါစစ်ဆေးမှု ပြုမည့်အချိန်အထိ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း လိုက်နာသွားမည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua)