Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၃ သိန်းကျော်အထိ ရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် ထုတ်ပြန်

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန် တွင် ပြည်သူများ သွားလာနေကြသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုမိုး

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် ၏ ဒီဇင်ဘာ ၁၄ ရက် အမေရိကန်အရှေ့ပိုင်း ဒေသစံတော်ချိန် ၁၅ နာရီ ၂၆ မိနစ်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အမေရိကန်နိုင်ငံ တွင် COVID-19 ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၃သိန်းကျော်အထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ၊ သေဆုံးသူ အရေအတွက်မှာ ၃၀၀,၂၆၇ ဦး ဖြစ်ကာ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၆,၃၈၈,၅၀၄ ဦးဖြစ်ကြောင်းသိရသည်။ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ ထုတ်ပြန်ကြောချက်အရ အမေရိကန်နိုင်ငံတွင် COVID-19 ကပ်ရောဂါ အဆိုးရွားဆုံးဖြစ်ပွားနေသည့် ပြည်နယ်မှာ နယူးယောက်ပြည်နယ် ဖြစ်ပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ ၃၅,၆၄၃ ဦးရှိကြောင်း ၊ ဒုတိယ အဆိုးရွားဆုံးပြည်နယ်မှာ တက္ကဆက်ပြည်နယ်ဖြစ်ပြီး သေဆုံးသူ ၂၄,၄၁၄ ဦးရှိကြောင်း ၊ အမေရိကန်နိုင်ငံ ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၅,၀၀၀ အထက်ရှိသော အခြားပြည်နယ်များမှာ ကယ်လီဖိုးနီးယား ၊ ဖလော်ရီဒါ ၊ နယူးဂျာစီ နှင့် အီလီနွိုက် ပြည်နယ် တို့ဖြစ်ကြကြောင်း ၊ COVID-19 ရောဂါဖြင့် သေဆုံးသူ တစ်သောင်းအထက်ရှိသော အခြားပြည်နယ်များမှာ ပင်ဆူဗေးနီးယား ၊ မက်ဆာချူးဆက်၊ မစ်ရှီဂန် နှင့် ဂျော်ဂျီယာပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကြောင့်သေဆုံးသူဦးရေ မှာ လျှင်မြင်စွာမြင့်တက်လာခဲ့ပြီး စာရင်းပြုစုချက်များအရ မေလ ၂၇ ရက် ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ တစ်သိန်းအထက်သို့ ရောက်ရှိခဲ့ကြောင်း ၊ စက်တင်ဘာ ၂၂ ရက် ၌ သေဆုံးသူ နှစ်သိန်းအထက်သို့ ရောက်ရှိခဲ့ပြီး သေဆုံးသူ အရေအတွက် တစ်သိန်း မှ နှစ်သိန်း အထိ ရောက်ရှိရန် အချိန် ၄လသာ ကြာမြင့်ခဲ့ကြောင်း ၊ ထို့ပြင် အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၂ သိန်း မှ ၃ သိန်း အထိရောက်ရှိရန် ကြာချိန်မှာ ၃ လသာ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————–
(Chinese Version)

(国际疫情)约翰斯•霍普金斯大学:美国累计新冠死亡病例超过30万例

  新华社纽约12月14日电美国约翰斯•霍普金斯大学14日发布的新冠疫情最新统计数据显示,截至美国东部时间14日15时26分(北京时间15日4时26分),美国累计新冠死亡病例超过30万例,达300267例,累计确诊病例16388504例。
  数据显示,美国累计新冠死亡病例最多的州是纽约州,为35643例;其次是得克萨斯州,为24414例。加利福尼亚州、佛罗里达州、新泽西州和伊利诺伊州的累计死亡病例均超过1.5万例。宾夕法尼亚州、马萨诸塞州、密歇根州和佐治亚州的累计死亡病例均超过1万例。
  美国累计新冠死亡病例数正在加速攀升。数据显示,美国累计死亡病例于5月27日超过10万例,9月22日超过20万例,从10万例增加到20万例用时不到4个月,从20万例增加到30万例用时不到3个月。
这些数据来自约翰斯•霍普金斯大学新冠病毒研究项目实时汇总的美国各地区数据。(完)

Photo
新华社照片,华盛顿,2020年12月13日
(国际疫情)(5)约翰斯•霍普金斯大学:美国累计新冠确诊病例超1600万例
12月12日,游客在美国首都华盛顿的国家广场游览。
美国约翰斯•霍普金斯大学12日发布的新冠疫情最新统计数据显示,美国累计确诊病例超过1600万例。截至美国东部时间12日16时26分(北京时间13日5时26分),美国累计确诊病例16014839例,累计死亡病例297501例。从8日至12日,五天累计新增确诊病例超过100万例。
新华社发(沈霆 摄)