Connect with us

WORLD

အမေရိကန်နိုင်ငံတွင် ပထမဆုံး COVID-19 ကာကွယ်ဆေးထိုးနှံခွင့်ရသူ နယူးယောက်မြို့မှ သူနာပြုဆရာမ စန္ဒြာလင်းဆေး

အမေရိကန်နိုင်ငံ Northwell Health Director of Employee Health Services ကျန်းမာရေးဝန်ဆောင်မှုမှ Michelle Chester က သူနာပြုဆရာမ စန္ဒြာလင်းဆေးအား ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ် (Courtesy of New York State Government)

နယူးယောက်၊ဒီဇင်ဘာ၁၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် Queens မြို့ရှိ Long Island Jewish ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်(ICU)တွင် တာဝန်ထမ်းဆောင်နေသော သူနာပြုဆရာမလေး စန္ဒြာလင်းဆေး (Sandra Lindsay) သည် ဒီဇင်ဘာ ၁၄ ရက်နံနက်ပိုင်းက စမ်းသပ်မှုအဆင့်တစ်ခုမဟုတ်ဘဲ အမေရိကန်နိုင်ငံတွင် ပထမဆုံး COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံခွင့်ရရှိခဲ့ကြောင်း သိရသည်။

နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က “သူရဲကောင်းတွေဆိုတာ ဒါမျိုးပဲပေါ့” ဟု ၎င်း၏တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး “ သမိုင်းဝင်ပါပဲ ၊ နယူးယောက်မြို့က ကျန်းမာရေးစစ်မြေပြင်ရှေ့တန်းမှာလုပ်ကိုင်နေတဲ့ သူနာပြုဆရာမလေး စန္ဒြာလင်းဆေးဟာ ပထမဆုံး ကာကွယ်ဆေးထိုးနှံခံသူပေါ့ ၊ ရောဂါဘေးဘယာတွေ ဝေးကွာတော့မှာပါ” ဟု ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်အစိုးရ၏ တရားဝင် ဝက်ဆိုက်ဒ်စာမျက်နှာတွင် လတ်တလောထိုးနှံပေးမည့် COVID-19 ကာကွယ်ဆေးပုလင်းအား ပြသနေစဉ် (Courtesy of New York State Government)

ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ်မတိုင်မီလေးတွင် Northwell Health Director of Employee Health Services ကျန်းမာရေးဝန်ဆောင်မှုမှ Michelle Chester က သူနာပြုဆရာ လင်းဆေးအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ယင်းမှာ နယူးယောက်မြို့ ကာကွယ်ဆေးဖြန့်ဖြူးရေးအစီအစဉ်၏ အဆင့် (၁) အောက်တွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် တရားဝင် ကြေညာချက်တစ်ခု အရ သိရသည်။

ယင်းကာကွယ်ဆေးကို နယူးယောက်မြို့အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သည့် Pfizer က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သော ရက်သတ္တပတ်နှောင်းပိုင်းတွင် အမေရိကန်နိုင်ငံ အစားအစာ နှင့် ဆေးဝါးထိန်းချုပ်ကွပ်ကဲရေးအဖွဲ့(FDA) နှင့် နယူးယောက်မြို့ ဆေးဘက်ဆိုင်ရာအကြံပေးလုပ်ငန်းအဖွဲ့ (New York’s Clinical Advisory Task Force) တို့ထံမှ ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

သိပ္ပံကိုယုံကြည်ခြင်း

“ နယူးယောက်မြို့မှာတော့ ကျွန်တော်တို့ဟာသိပ္ပံပညာကိုယုံကြည်တယ်၊ ပြည်ထောင်စုအစိုးရက ကာကွယ်ဆေးကို အတည်ပြုပေးခဲ့တယ် ၊ ကာကွယ်ဆေးကို အတည်ပြုဖို့အတွက်လည်း ကျွန်တော်တို့မှာ တစ်သီးတစ်ခြားလမ်းကြောင်းတစ်ခုရှိခဲ့တယ် ၊ ကျွန်တော်တို့ဟာ တစ်လျှောက်လုံးသိပ္ပံပညာနောက်ကို လိုက်ခဲ့တာပါ ၊ ဒါက ခင်ဗျားတို့ကို ပေးစွမ်းလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တယ်၊ ရှေ့တန်းမှာ နေ့တိုင်း တိုက်ပွဲဝင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေပေါ့ ၊ ဒုတိယကာကွယ်ဆေးထိုးပြီးတာနဲ့ လုံခြုံမှု နဲ့ ဘေးကင်းမှု အမြင်တစ်ခုနဲ့အတူ ပိုပြီး ယုံကြည်မှုရှိလာတော့မှာပါ” ဟု နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

“ နယူးယောက်မှာ ကာကွယ်ဆေးထိုးဖို့ ကျန်းမာရေးဝန်ထမ်းတွေကို ကျွန်တော်တို့က ထိပ်ဆုံးမှာ ဦးစားပေးထားပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့သိတယ် ၊ ကျွန်တော်တို့အားလုံးအတွက် ခင်ဗျားတို့ဟာ အသက်အန္တရာယ်ကြားမှာ နေ့တိုင်း နေထိုင်ပြုမူလုပ်ကိုင်ပေးနေရတယ် ၊ ဒါကြောင့် ခင်ဗျားတို့ဘေးကင်းဖို့အတွက် ကျွန်တော်တို့လုပ်နိုင်တာအားလုံးကို လုပ်ပေးချင်တယ် ၊ နယူးယောက်မြို့သူမြို့သားတွေနဲ့ အမေရိကန်နိုင်ငံသားတွေဟာ သူတို့တာဝန် သူတို့ယူပြီး ကာကွယ်ဆေး လာထိုးကြရမှာပါ ၊ ဘာကြောင်လဲဆိုတော့ အဲဒီလို အမေရိကန်နိုင်ငံသားတွေ ဆေးလာထိုးကြမှသာ ကာကွယ်ဆေးက အလုပ်လုပ်မှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဗီဒီယိုလင့်မှတဆင့် နှုတ်ဆက်စကားပြောကြားရာတွင် လင်းဆေးက “ဒီနေ့ မှာ စိတ်သက်သာရာရဖို့ ကျွန်မမျှော်လင့်တယ် ၊ ရောဂါဘေးဘယာတွေ ဝေးကွာသွားပြီးလို့ ကျွန်မခံစားရတယ် ၊ ပြီးတော့ ဒါဟာ ကျွန်မတို့ရဲ့သမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံးနာကျင်ခံစားရတာတွေ အဆုံးသတ်ဖို့အတွက် ကနဦးအစမှတ်ပါပဲ၊ ကာကွယ်ဆေးဟာ ဘေးကင်းလုံခြုံမှုရှိတယ်ဆိုတာကို အများပြည်သူယုံကြည်လက်ခံထားစေချင်ပါတယ် ၊ ကျွန်မတို့ဟာ ကပ်ရောဂါ ကာလတစ်ခုထဲမှာပါ ၊ ဒါကြောင့်ကျွန်မတို့အားလုံးဟာ ဒီကပ်ရောဂါကြီး အဆုံးသတ်သွား အောင် ကိုယ်စီကိုယ်စီတာဝန်တွေကို လုပ်ကြဖို့လိုအပ်ပါတယ်။ ချက်ချင်းလက်လျှော့အရှုံးပေးသွား ဖို့မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

“ ဥမင်ရဲ့အဆုံးမှာ အလင်းရောင်ရှိပါတယ် ၊ ဒါပေမယ့် နှာခေါင်းစည်းတပ်ဖို့ ၊ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေဖို့ကိုတော့ ကျွန်မတို့ ဆက်ပြီး လုပ်သွားရမှာပါ ၊ ကျွန်မက သိပ္ပံကို ယုံကြည်တယ်။ သူနာပြုတစ်ယောက်အနေနဲ့ ကျွန်မဟာ သိပ္ပံပညာလမ်းညွှန်ချက်တွေနဲ့ ကျင့်သားရခဲ့တာပါ ၊ ဒါကြောင့် ကျွန်မ သိပ္ပံပညာကို ယုံကြည်တယ်။ ကျွန်မ မယုံကြည်ဘူးဆိုရင် တကယ်လို့ ကျွန်မ ကိုဗစ် အကူးခံရတယ်ဆိုပါစို့ သူ့ရဲ့ သက်ရောက်မှု ဒါမှမဟုတ် ကျွန်မဘယ်သူကနေတဆင့်ကူးစက်ခံရတာကို ကျွန်မသိနိုင်မှာမဟုတ်ပါဘူး ၊ ဒါကြောင့် ကာကွယ်ဆေးထိုးနှံကြဖို့ လူတိုင်းလူတိုင်းကို ကျွန်မတိုက်တွန်းအားပေးပါတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သေဆုံးမှု နှင့် ရောဂါဖြစ်ပွားမှု

အမေရိကန်နိုင်ငံတွင် ဒီဇင်ဘာ ၁၃ ရက်မှစတင်ကာ နိုင်ငံတစ်ဝှမ်းရှိ COVID-19 ကာကွယ်ဆေး ဖြန့်ဖြူးရေး စင်တာများသို့ ကာကွယ်ဆေးအခုရေ ၂.၉ သန်း ကို ပထမအသုတ်ဖြင့် စတင်ပို့ဆောင်ပေးခဲ့ရာ ယင်းပထမရက်သတ္တပတ်အတွင်း နယူးယောက်ပြည်နယ်အနေဖြင့် ကာကွယ်ဆေး ၁၇၀,၀၀၀ လက်ခံရရှိခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံအစားအစာ နှင့် ဆေးဝါးကွပ်ကဲထိန်းချုပ်ရေး(FDA) က အမေရိကန်နိုင်ငံ Pfizer ကုမ္ပဏီ နှင့် ဂျာမနီနိုင်ငံ BioNTech ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ခဲ့သည့် COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုပေးခဲ့သည်။

ယခုရက်သတ္တပတ်အကုန်တွင် နိုင်ငံတစ်ဝှမ်းရှိ နေရာပေါင်း ၆၃၆ ခုသို့ ကာကွယ်ဆေး ၂.၉ သန်းကို ပို့ဆောင်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း Pfizer ၏ ပြောကြားချက်အရ သိရသည်။
ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းအထိ အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန၏ ထုတ်ပြန်ချက်အရ နယူးယောက်ပြည်နယ်တွင် COVID-19 ရောဂါဖြင့်သေဆုံးသူပေါင်း ၃၅,၅၅၇ ဦး ရှိခဲ့ပြီး နိုင်ငံအတွင်းအဆိုးရွားဆုံးပြည်နယ်အဖြစ်ရပ်တည်နေသည်။

အမေရိကန်နိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါဖြင့် သေဆုံးသူပေါင်း သုံးသိန်းကျော် နှင့် အတည်ပြုလူနာပေါင်း ၁၆ သန်း ကျော်အထိ ရောက်ရှိလာခဲ့ရာ ကမ္ဘာပေါ်တွင် ကူးစက်မှု နှင့် သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း သိရသည်။(Xinhua)
Keyword – နယူးယောက်,COVID-19,ကာကွယ်ဆေး,ပထမဆုံး,ထိုးနှံ
#U.S, #COVID-19, #vaccine, #first, #nurse ,#New York, #ဆင်ဟွာ

——————————————–
(English Version)
Roundup: New York nurse among first Americans to get vaccinated against COVID-19 in non-trial setting
NEW YORK, Dec. 14 (Xinhua) — Sandra Lindsay, an ICU nurse at Long Island Jewish Medical Center in Queens, New York, was among the first Americans to get vaccinated against COVID-19 in a non-trial setting on Monday morning.
“This is what heroes look like,” said Governor Andrew Cuomo, adding in his tweet, “HISTORY. The first New Yorker, frontline nurse Sandra Lindsay, has been vaccinated. Healing is coming.”
Shortly before 9:30 a.m. local time, Northwell Health Director of Employee Health Services Michelle Chester administered the vaccine to Lindsay, a front-line health care worker eligible to receive the vaccine under Phase 1 of New York’s Vaccine Distribution Plan, according to an official release issued on Monday.
The vaccine was developed by Pfizer, a New York-based company, and authorized by the U.S. Food and Drug Administration (FDA) and New York’s Clinical Advisory Task Force late last week, it added.
TRUST SCIENCE
“We trust science here in New York. The federal government approved the vaccine. We then had a separate panel that also approved the vaccine and we’ve been following the science all along. I hope this gives you, and the healthcare workers who are battling this every day, a sense of security and safety and a little more confidence in doing your job once the second vaccine has been administered,” the governor was quoted as saying.
“In New York we prioritized healthcare workers at the top of the list to receive the vaccine, because we know that you are out there every day putting your lives in danger for the rest of us, so we want to make sure we’re doing everything we can to keep you safe. And the point about New Yorkers and Americans having to do their part and take the vaccine, because the vaccine only works if the American people take it,” he added.
While in a video link with the governor, Lindsay said, “I feel I hope today, relieved. I feel like healing is coming and this marks the beginning of the end of a very painful time in our history. I want to instill public confidence that the vaccine is safe. We’re in a pandemic and so we all need to do your part to put an end to the pandemic, and to not give up so soon.”
“There is light at the end of the tunnel, but we still need to continue to wear our masks, to social distance. I believe in science. As a nurse, my practice is guided by science and so I trust that. What I don’t trust is that, if I contract COVID, I don’t know how it would impact or those who I come in contact with, so I encourage everyone to take the vaccine,” she added.
DEATHS AND CASES SPIKE
New York state would receive around 170,000 doses of COVID-19 vaccine within the first week of distribution as the United States on Sunday started shipment of the first batch of 2.9 million doses of vaccines to distribution centers across the United States.
The FDA on Friday nodded the emergency use of the COVID-19 vaccine jointly developed by Pfizer and its German partner BioNTech.
By the end of this week, 2.9 million doses of the vaccine would be delivered to 636 locations across the country, according to Pfizer.
As of Monday morning, the Center for Systems Science and Engineering at Johns Hopkins University reported 35,557 coronavirus deaths in New York state, the worst in the country.
Nationwide, total deaths are expected to top 300,000 soon and confirmed cases have surpassed 16 million, both the highest in the world.

Photo caption (1) New York State Government shows Northwell Health Director of Employee Health Services Michelle Chester (R) administering a dose of the COVID-19 vaccine developed by Pfizer to Sandra Lindsay, shortly before 9:30 am local time on Dec. 14, 2020. (Courtesy of New York State Government)
Photo caption(2) The picture posted on the official website of New York State Government shows a medical staffer displaying on Dec. 14, 2020 a dose of the COVID-19 vaccine currently distributed in the United States. (Courtesy of New York State Government)