Connect with us

WORLD

အီကွေဒေါနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း ရှေ့ပြေးစီမံချက် ကြေညာ

အီကွေဒေါနိုင်ငံ ကွီတိုမြို့ရှိ ဆေးရုံတစ်ရုံအနီးတွင် နှာခေါင်းစည်းတပ်ဆင်နေသူကို တွေ့ရစဉ် (ဆင်ဟွာ)

ကွီတို၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အီကွေဒေါနိုင်ငံတွင် လူအများအပြား ကာကွယ်ဆေးထိုးနှံခြင်းမလုပ်ဆောင်မီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း ရှေ့ပြေးစီမံချက်ကို စတင်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကျန်းမာရေး ဒုတိယဝန်ကြီး Xavier Solorzano က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ရှေ့ပြေးစီမံချက်တွင် ကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးစောင့်ရှောက်ရေး ဂေဟာများတွင်နေထိုင်သည့် အသက် ၅၅ နှစ်အထက်ရှိသူများကဲ့သို့သော ရောဂါကူးစက်နိုင်ခြေ မြင့်မားသည့် အုပ်စုများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

“ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ကာကွယ်ဆေးထိုးနှံခြင်း ရှေ့ပြေးစီမံချက်ဟာ ဇန်နဝါရီအကုန် နဲ့ ဖေဖော်ဝါရီလဆန်းမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု Solorzano က ဒေသတွင်းရေဒီယိုဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။လူအများအပြားပါဝင်သော ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၁ ခုနှစ် မတ်လမှ ဧပြီလအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။အီကွေဒေါနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၀၂,၁၈၀ဦး ရှိပြီး ရောဂါကြောင့် သေဆုံးသူ ၉,၃၃၇ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နေ့စဉ်ကပ်ရောဂါသတင်းဖော်ပြချက်များအရ သိရသည်။ (Xinhua)
————————————
(English Version)

Ecuador to launch COVID-19 vaccination pilot project

QUITO, Dec. 14 (Xinhua) — Ecuador will launch a COVID-19 vaccination pilot project from January to February 2021, before rolling out mass immunization, Deputy Health Minister Xavier Solorzano said Monday.

The pilot program will prioritize high-risk groups, such as healthcare workers and people over 55 years of age who reside in elderly-care homes, he said.
“We are working on being able to make an initial vaccination pilot project perhaps at the end of January, beginning of February,” Solorzano said in an interview with a local radio station.
Mass vaccination should follow from March to April 2021, he said.

Ecuador has registered 202,180 cases of COVID-19 infection and 9,337 deaths from the disease, according to the Ministry of Health’s daily pandemic report. Enditeml
A woman wearing a mask is seen near a hospital in Quito, Ecuador, March 5, 2020. (Photo by Santiago Armas/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.