Connect with us

WORLD

ဗြိတိန်နိုင်ငံတွင် တွေ့ရှိသော ဗီဇပြောင်းလဲ COVID-19 ရောဂါပိုးသည် နိုဝင်ဘာလ ကတည်းက ဂျာမနီနိုင်ငံတွင် ရှိနေခဲ့ဟု ဆို

ဂျာမနီ နိုင်ငံမြို့တော် ဘာလင်တွင် ဒီဇင်ဘာ ၂၇ ရက်က COVID-19 ကာကွယ်ဆေး ထိုးရန် တန်းစီစောင့်ဆိုင်းနေကြသူများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဂျာမနီ နိုင်ငံ သတင်းမီဒီယာအသီးသီးက ဗီဇပြောင်းလဲ COVID-19 ရောဂါပိုးသည် နိုဝင်ဘာလ ကတည်းက ဂျာမနီနိုင်ငံတွင် ရှိနေခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။
ဂျာမနီနိုင်ငံ Lower Saxony ပြည်နယ် ကျန်းမာရေးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ ဗြိတိန်နိုင်ငံတွင် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက်တွင် ဂျာမနီနိုင်ငံ Hannover ဆေးတက္ကသိုလ် ၏ သုတေသနဆောင်ရွက်သူများက COVID-19 ရောဂါပိုး ကူးစက်ခံထားရသူများ ၏ ဓာတ်ခွဲစမ်းသပ်မှုနမူနာများကို ယူ၍ ပိုမိုအသေးစိတ် စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် နိုဝင်ဘာလက အမျိုးသမီး တစ်ဦး ထံ မှ ထုတ်ယူထားသော ဓာတ်ခွဲစမ်းသပ်မှု နမူနာတွင် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး “VUI-202012/01” ကို တွေ့ရှိခဲ့ရကြောင်း ၊ ယင်းစမ်းသပ်တွေ့ရှိမှု ကို Charité ဆေးတက္ကသိုလ် ဓာတ်ခွဲခန်းကလည်း အတည်ပြုခဲ့ကြောင်း သိရသည်။

Lower Saxony ပြည်နယ် ကျန်းမာရေးဌာန ၏ ကြေညာချက်အရ ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ခံရသည့် ဇနီးမောင်နှံ၏ သမီးဖြစ်သူသည် နိုဝင်ဘာ လလယ်ပိုင်းတွင် ဗြိတိန် နိုင်ငံ၌ ရှိနေခဲ့ပြီး ၎င်းသည် ဗြိတိန် နိုင်ငံတွင် ရှိနေစဉ် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရဖွယ်ရှိနိုင်ကြောင်း ၊ လက်ရှိတွင် အဆိုပါ ဇနီးမောင်နှံ ၏ အမျိုးသား ဖြစ်သူသည် သေဆုံးသွားပြီဖြစ်ကြောင်း နှင့် ဇနီး နှင့် သမီးဖြစ်သူ တို့၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

“VUI-202012/01” အမျိုးအစား ဗီဇပြောင်းလဲ ကိုဗစ်ရောဂါပိုး သည် အင်္ဂလန်အရှေ့တောင်ပိုင်းတွင် COVID-19 ရောဂါ လျင်မြန်စွာ ပျံ့နှံ့လာသည်ခြင်းနှင့်အတူ ဆက်နွယ်မှုရှိနိုင်ကြောင်း ဗြိတိန်နိုင်ငံအစိုးရ က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းထုတ်ပြန်ချက်က နိုင်ငံတကာ ၏ အလေးထားစောင့်ကြည့်မှုကို ခံခဲ့ရသည်။ ထို့ပြင် နိုင်ငံအများအပြား က ဗြိတိန်နိုင်ငံ နှင့် မိမိ နိုင်ငံအကြား လေကြောင်းခရီးစဉ်အား ကန့်သတ်မှု ပြုလုပ်ခဲ့ကြသည်။

ဂျာမနီ နိုင်ငံ သတင်းမီဒီယာများ၏ ဒီဇင်ဘာ ၂၅ ရက် ဖော်ပြချက်အရ ယခုလ ၂၀ ရက်တွင် ဗြိတိန် နိုင်ငံ မှ ဂျာမနီနိုင်ငံ သို့ ဝင်ရောက်လာသည့် အမျိုးသမီးသည် ဗီဇပြောင်းလဲ COVID-19 ရောဂါ ကူးစက်ခံရကြောင်း တွေ့ရှိရခဲ့ပြီး ၎င်းအား ဂျာမဏီ နိုင်ငံ တွင် ပထမဦးဆုံး တွေ့ရှိသည့် ဗီဇပြောင်းလဲ COVID-19 ရောဂါ ကူးစက်ခံရသူအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် နောက်ဆုံးထုတ်ပြန် ခဲ့သည့် စမ်းသပ်မှု အရ ဗီဇပြောင်းလဲ COVID-19 ရောဂါပိုးသည် အနည်းဆုံး နိုဝင်ဘာလ ကတည်းက ဂျာမနီနိုင်ငံတွင် ရှိနေခဲ့ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————–
(Chinese Version)

(国际疫情)英国发现的变异新冠病毒11月已在德国出现

  新华社柏林12月28日电多家德国媒体28日报道,英国发现的变异新冠病毒早在11月已在德国出现。
  德媒援引德国下萨克森州卫生部门的消息报道,英国报告发现变异新冠病毒后,德国汉诺威医学院的研究人员对先前采集的新冠患者样本进行了更详细的检测,结果在今年11月从一对夫妇身上采集的样本中,发现了英国报告的变异新冠病毒“VUI-202012/01”。这一检测结果随后得到了柏林沙里泰大学医院实验室的确认。
  据下萨克森州卫生部门介绍,这对夫妇的女儿11月中旬曾在英国逗留,她可能在逗留期间感染了变异新冠病毒。如今这对夫妇中的丈夫已经过世,妻子和女儿康复。
  英国政府本月14日表示,一种名为“VUI-202012/01”的变异新冠病毒,可能与新冠疫情在英格兰东南部加速蔓延有关。这一状况引发国际关注,多国随后发布了与英国之间的航班禁令。
  据多家德国媒体25日报道,一名本月20日从英国入境德国的女子被确诊感染了上述变异新冠病毒,这一度被认为是德国首个变异新冠病毒感染病例。不过最新公布的检测结果显示,在德国至少11月就已出现这种变异新冠病毒。(完)

Photo
新华社照片,柏林,2020年12月27日
(国际疫情•新华视界)(2)德国启动新冠疫苗大规模接种
12月27日,在德国首都柏林,人们排队等待进入一个新冠疫苗接种中心接种疫苗。
德国27日正式启动新冠疫苗大规模接种,80岁以上老年人、养老和护理机构人员、一线医护人员等将优先接种。
新华社记者 单宇琦 摄