Connect with us

WORLD

ဗြိတိန်တွင် တစ်ရက်အတွင်း COVID-19 ထပ်တိုးအတည်ပြုလူနာ (၄)သောင်းကျော်ရှိ

ဗြိတိန်နိုင်ငံ လန်ဒန် လွှတ်တော်အဆောက်အဦရှေ့ မြင်ကွင်းအား ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဗြိတိန်နိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ရောဂါ ထပ်တိုးအတည်ပြုလူနာသည် (၄)သောင်းကျော်ရှိလာကြောင်း ဒီဇင်ဘာ ၂၈ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဒီဇင်ဘာ ၂၈ ရက် ၁၆ နာရီ ၅၆ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် (၄၄၁,၈၆၁) ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ (၆,၈၀၇) ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ (၇၉,၆၇၃,၇၅၄) ဦး နှင့် စုစုပေါင်း သေဆုံးသူ (၁,၇၆၁,၃၈၁) ဦး အသီးသီး ရှိလာကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အောက်စ်ဖို့လမ်းမကြီး၏ မြင်ကွင်းအား ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် ဒီဇင်ဘာ ၂၉ ရက် ၆ နာရီ ၂၂ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၈၁,၁၅၅,၁၅၄) ဦး၊ စုစုပေါင်း သေဆုံးသူ (၁,၇၇၁,၃၂၉)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ (၁၉,၂၅၇,၂၇၄) ဦး နှင့် သေဆုံးသူ (၃၃၄,၅၁၄) ဦး ရှိကြောင်း သိရသည်။

(၂)သတင်းအချက်အလက်များ

ဗြိတိန်နိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်က ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၄၁,၃၈၅)ဦးရှိ ကြောင်း ဗြိတိန်အစိုးရ၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ ၎င်းမှာ ကပ်ရောဂါကာလ ဗြိတိန်၏ တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာအရေအတွက် အများဆုံးဖြစ်သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် နှာခေါင်းစည်းတပ်သွားလာနေသော အမျိုးသားတစ်ဦး Trafalgar ရင်ပြင်အနီး ပိတ်သိမ်းထားသော စားသောက်ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သန်းသွားသည်ကို ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံတွင် ကိုဗစ် ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနည်းလမ်းများကို တစ်ဆင့်ထပ်တိုး တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ရာ “လော့ခ်ဒေါင်း”အဆင့်ကို လက်ရှိ အဆင့်(၁)မှ (၃)သို့ တိုးမြှင့်ဆောင်ရွက်သွားမည်ဟု သမ္မတ Cyril Ramaphosaက ဒီဇင်ဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။

မလေးရှားနိုင်ငံတွင် မြို့တော် ကွာလာလမ်ပူ စသည့် နေရာများ၌ ကိုဗစ်အတည်ပြုလူနာများ ဆက်တိုက်ပေါ်ထွက်လာခြင်းကြောင်း ယင်းနေရာများ၏ ထိန်းချုပ်မှုနည်းလမ်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းအထိ သက်တမ်းတိုး ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ကြောင်း မလေးရှားအစိုးရက ဒီဇင်ဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကူးစက်မြန် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ပေါ်ထွက်လာခြင်းကြောင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၁၄ ရက်အထိ နိုင်ငံခြားသားပြည်ဝင်ခွင့်ကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား အစိုးရက ဒီဇင်ဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် လူမှုရေးဝန်ဆောင်မှု၊စက်မှုစွမ်းအင်၊ သတင်းမီဒီယာနှင့်သယ်ယူပို့ဆောင်ရေးစသည့် ဌာနများရှိဝန်ထမ်းများ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံရန် ကြိုတင်လျှောက်ထားမှုကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင်မည်ဖြစ်ပြီး အသက်(၆၀)နှင့်အထက်ရှိသူများ၏ ကာကွယ်ဆေးထိုးနှံရန် ကြိုတင်လျှောက်ထားမှုကို ဒီဇင်ဘာ ၂၉ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက်အထိ COVID-19ကြောင့် သေဆုံးသူဦးရေသည် ဒီဇင်ဘာလအတွင်း (၆၅,၀၀၀)နီးပါရှိရာ ၎င်းမှာ ကပ်ရောဂါကာလ တစ်လတာအတွင်း ထပ်တိုးသေဆုံးသူ ဦးရေ အများဆုံး စံချိန်ဖြစ်ခဲ့ကြောင်း The Atlantic Monthly ဂျာနယ်ပြုစုသည့် အမေရိကန် ကပ်ရောဂါစီမံကိန်း စာရင်းများအရ သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် ဗြိတိန်အစရှိသည့်နေရာများ၏ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းသို့ ဝင်ရောက်မှုကို ကာကွယ်တားဆီးရန်အတွက် နိုင်ငံအတွင်းသို့ ဝင်ရောက်သူအားလုံး၏ရောဂါစစ်ဆေးမှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန၏ အကြီးအကဲJeong Eun-kyeongက ဒီဇင်ဘာ ၂၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ နိုင်ငံသားဖြစ်စေ၊နိုင်ငံခြားသားဖြစ်စေ ဗြိတိန်၊တောင်အာဖရိကမှလာသောသူများအားလုံးသည် နိုင်ငံအတွင်းသို့ ဝင်ရောက်သည့်အခါ Nucleic acidဆေးစစ်မှု negativeဖြစ်ကြောင်း ထုတ်ပြရမည်ဖြစ်ကြောင်းပြီး ယင်းနိုင်ငံများမှ လာရောက်သူများ၏ သီးခြားခွဲထား ကျန်းမာရေး စောင့်ကြည့်မှု လွတ်ကင်းခွင့် လျှောက်ထားချက် စိစစ်မှုများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက် အထိ ရပ်နားထားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)
#COVID-19, #briefing, #Xinhua, #ကိုဗစ်-၁၉, #သတင်းအကျဉ်း, #ဆင်ဟွာ

———————————————–
(Chinese Version)

全球疫情简报 | 英国单日新增新冠确诊病例破4万例

全球数据
  世界卫生组织:截至欧洲中部时间28日16时56分(北京时间23时56分),全球确诊病例较前一日增加441861例,达到79673754例;死亡病例增加6807例,达到1761381例。
美国约翰斯•霍普金斯大学:截至北京时间29日6时22分,全球新冠确诊病例达81155154例,死亡病例为1771329例。美国是全球疫情最严重的国家,确诊病例达19257274例,死亡病例为334514例。
新闻事件
  英国政府28日发布的数据显示,英国当天新增新冠确诊病例41385例。这是英国自新冠疫情暴发以来最高单日新增确诊病例数。
  南非总统拉马福萨28日宣布,南非进一步收紧新冠疫情防控措施,将“封城”等级从目前的一级上调至三级。
马来西亚政府28日宣布,鉴于首都吉隆坡等地持续出现新冠确诊病例,决定将这些地区的行动管制措施延长至2021年1月中旬。
印度尼西亚政府28日宣布,由于出现传播能力更强的变异新冠病毒,印尼将从2021年1月1日至1月14日暂停所有外籍人员入境印尼。
在俄罗斯莫斯科市,社会服务、工业能源、新闻交通等部门工作人员的新冠疫苗接种申请预约于28日启动,60周岁以上公民的接种申请预约将于29日启动。
 据美国《大西洋月刊》发起的追踪全美疫情项目统计数据,截至27日,美国12月新增新冠死亡病例为近6.5万例,创疫情暴发以来单月新增死亡病例数新高。
   韩国中央防疫对策本部部长郑银敬28日在例行记者会上宣布,为防止在英国等地出现的变异病毒进入韩国境内,政府将加强针对所有入境人员的检疫措施。无论本国人还是外国人,凡是来自英国、南非的人员入境时必须提交核酸检测阴性报告;截至2021年1月17日暂停受理所有自英国、南非入境人员的免除隔离申请。(编辑:王申、鲁豫)

图说1:12月21日,英国伦敦议会大厦前的威斯敏斯特桥行人寥寥。 新华社记者 韩岩 摄
图说2:12月21日,英国伦敦的商业街牛津街一片冷清。新华社记者 韩岩 摄
图说3:12月21日,一名戴口罩的男子经过英国伦敦特拉法加广场旁一家关闭的餐厅。 新华社记者 韩岩 摄