Connect with us

WORLD

ကပ်ရောဂါ ဖြစ်ပွားနေစဉ် ဈေးဝယ်စင်တာ သွားရောက်ခြင်းကြောင့် ဆွီဒင် ဝန်ကြီးချုပ် ဝေဖန်ခံရ

ဆွီဒင်ဝန်ကြီးချုပ် Stefan Löfven ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်ရှိ ဥရောပသမဂ္ဂရုံးချုပ်သို့ ရောက်ရှိကာ ဥရောပသမဂ္ဂဆောင်းရာသီ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန်ပြင်ဆင်နေသည်ကို ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဆွီဒင် ဝန်ကြီးချုပ် Stefan Löfven သည် ဒီဇင်ဘာ ၂၉ ရက်တွင် အများ ဝေဖန်အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သည်။ ခရစ္စမတ်နေ့မတိုင်မီ Stefan Löfven ကို ဈေးဝယ်စင်တာတစ်ခုတွင် တွေ့ရှိခဲ့ရာ ၎င်းကိုယ်တိုင် လူထုအား နှိုးဆော်ခဲ့သည့် ရောဂါကာကွယ်ရေးတိုက်တွန်းချက်နှင့်မလျော်မညီ အပြုအမူ ဖြစ်ခဲ့သည်။

ကိုဗစ် ကပ်ရောဂါ ပြန့်ပွားမှုကို ကာကွယ်ဟန့်တားရန် Stefan Löfvenအစိုးရက လူထုကို ခရစ္စမတ် မရှေးမနှောင်းကာလတွင် ဈေးဝယ်စင်တာသို့ သွားရောက်ခြင်း စသည့် လူစုလူဝေးဖြစ်စေမှုများကို ရှောင်ကြဉ်ရန် အကြိမ်ပေါင်းများစွာ တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။ ယခုလ ၁၈ ရက် တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Stefan Löfvenက “ဒီလိုလုပ်တဲ့ ဆိုးဝါးမှုကို လူတွေအားလုံး သိရှိကြမယ်လို့ ကျွန်တော်ယုံကြည်တယ်၊ သိရှိဖို့လည်း မျှော်လင့်တယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက်တွင် မြို့တော်စတော့ဟုမ်းရှိ ဈေးဝယ်စင်တာတစ်ခု၌ Stefan Löfven အား တွေ့ရှိခဲ့ကြောင်း ဆွီဒင် Expressen က ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ဖော် ရေးသားခဲ့သည်။
“Stefan Löfvenက ပစ္စည်းတစ်ခုကို သွားယူတာပါ”ဟု ၎င်း၏ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားခဲ့သည်။ သွားရောက်သည့်အခါတွင်လည်း ကျန်းမာရေးပညာရှင်များ၏ ရောဂါကာကွယ်ရေးအကြံပေးချက်များကို လိုက်နာခဲ့ရာ ခရီးစဉ်တစ်ခုလုံးကို ဂရုတစ်စိုက် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ အသေးစိတ်အခြေအနေကိုထုတ်ဖော်ပြောကြားရန် ၎င်း၏ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုခဲ့သည်။

ထိုသို့ အလားတူဖြစ်ပွားမှုက တစ်ခုတည်းမဟုတ်ကြောင်း သိရသည်။ ဆွီဒင် တရားရေးဝန်ကြီး Morgan Johansson သည် ယခုလ ၂၆ ရက်က Lundမြို့ရှိဈေးဝယ်စင်တာတစ်ခုကို သွားရောက်ခဲ့ခြင်းကြောင့် အလားတူ ဝေဖန်ပြောကြားခံခဲ့ရသည်။ ထိုကိစ္စအတွက် Johansson က တောင်းပန်ပြောကြားခဲ့ပြီး မိဘများအတွက် မပေးရသေးသည့် နှောင့်နှေးနေခဲ့ရသော လက်ဆောင်ကို ဝယ်ယူရန်အတွက် သွားရောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆွီဒင်နိုင်ငံသည် ကိုဗစ်အတည်ပြုလူနာနှင့်သေဆုံးလူနာ စုစုပေါင်း ဦးရေသည် မြောက်ဥရောပတိုက်(၅)နိုင်ငံတွင် ထိပ်ဆုံး၌ ရှိနေကြောင်း သိရသည်။ ဆွီဒင် ပြည်သူ့ကျန်းမာရေး ဌာန၏ ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ဆွီဒင်တွင် စုစုပေါင်း အတည်ပြုလူနာ (၄)သိန်း(၃)သောင်း နီးပါးရှိပြီး သေဆုံးလူနာ(၈,၄၈၄)ဦး ရှိကြောင်း သိရသည်။(Xinhua)

—————————————–
(Chinese Version)

瑞典首相疫情中赴购物中心引争议

  新华社北京12月30日电(记者陈立希)瑞典首相斯特凡•勒文29日被推上舆论风口浪尖。他圣诞节前现身购物中心,有违他自身对民众发出的防疫呼吁。
  勒文政府多次呼吁民众圣诞节前后避免前往购物中心等人员密集场所,以遏制新冠疫情蔓延。他本月18日举行新闻发布会时重申:“我希望并且相信,人们认识到(这一做法)严重性。”
  瑞典《快报》29日曝光了勒文20日在首都斯德哥尔摩一处购物中心的画面。
  勒文的发言人米卡埃尔•林德斯特伦回应说,勒文当时是去“取一件物品”。他听从了卫生专家的防疫建议,行程经过“谨慎安排”。这名发言人拒绝提供更多细节。
  无独有偶。瑞典司法大臣摩根•约翰松本月26日前往南部城市隆德一处购物中心,遭曝光后同样招致批评。约翰松致歉,说当时是为父母购买迟到的礼物。
瑞典累计新冠确诊病例和死亡病例均居北欧五国之首。根据瑞典公共卫生局29日发布的最新数据,瑞典累计确诊病例接近43万例,累计死亡病例8484例。(完)

图说1: 12月10日,瑞典首相斯特凡•勒文抵达比利时布鲁塞尔的欧盟总部,准备出席欧盟冬季峰会。新华社发(欧盟供图)