WORLD
လူနာဖျားနာလာမှုကြောင့် Johnson & Johnson ၏ COVID-19 ကာကွယ်ဆေး စမ်းသပ်မှုရပ်တန့်ထား
ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
အမေရိကန် ဆေးဝါး ကုမ္ပဏီကြီး Johnson & Johnson က ၎င်းတို့၏ COVID-19 ကာကွယ်ဆေးစမ်းသပ်မှုတွင် ပါဝင်သူတစ်ဦး ဖျားနာလာခြင်းကြောင့် ကာကွယ်ဆေးစမ်းသပ်မှုကို ယာယီရပ်တန့်ထားကြောင်း အောက်တိုဘာ ၁၂ ရက်က ပြောကြားခဲ့သည်။
“ကာကွယ်ဆေးစမ်းသပ်မှု ပူးပေါင်းဝင်သူတစ်ဦးဟာ ရှင်းမပြနိုင်တဲ့ဖျားနာမှု ဖြစ်လာတာကြောင့် အဆင့်-၃ ENSEMBLE စမ်းသပ်မှု အပါအဝင် ကျွန်တော်တို့ရဲ့ COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုအားလုံး ယာယီရပ်တန့်ထားတယ်” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
သီးခြားလွတ်လပ်သော အချက်အလက် ဘေးကင်းရေး စောင့်ကြည့် ဘုတ်အဖွဲ့ ENSEMBLE နှင့် ပြည်တွင်း လက်တွေ့စမ်းသပ်မှုနှင့် ဘေးအန္တရာယ်ကင်းရေး သမားတော်များက အဆိုပါ လူနာ၏အခြေအနေကို ပြန်လည် သုံးသပ် ချင့်ချိန်လျက်ရှိကြောင်း ကုမ္ပဏီက ဆိုသည်။ (Xinhua)