Connect with us

WORLD

တစ်ကမ္ဘာလုံး၏ နေ့စဉ် ကိုဗစ် ထပ်တိုးလူနာအရေအတွက် ၃ ရက်ဆက်တိုက် စံချိန်တင် မြင့်တက်ခဲ့ကြောင်း WHO ပြောကြား

ဘရာဇီးနိုင်ငံတွင် အမေဇုန် သစ်တောနေ တိုင်းရင်းသားလူမျိုးစုများအတွက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ ပြုလုပ်ပေးနေသည်ကို အောက်တိုဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

ဗဟိုဥရောစံတာ်ချိန် အောက်တိုဘာ ၁၀ ရက် ၁၅ နာရီ မိနစ် ၄၀ အထိ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေသည် ပြီးခဲ့သောရက်ကထက် ၃၈၃,၃၅၉ ဦး တိုးမြင့်လာရာ ၎င်းမှာ ကိုဗစ် ဖြစ်ပွားသည့်ကာလမှစ၍ တစ်ရက်အတွင်း ထပ်တိုးလူနာအရေအတွက် အများဆုံးဖြစ်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ အောက်တိုဘာ ၁၀ ရက် ကိန်းဂဏန်းများအရ သိရသည်။

တစ်ကမ္ဘာလုံး၏ တစ်ရက်အတွင်း ထပ်တိုးလူနာဦးရေသည် ၃ ရက်ဆက်တိုက် စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အစီရင်ခံချက်များအရ အောက်တိုဘာ ၈ ရက်တွင် ထပ်တိုးအတည်ပြုလူနာ ၃၄၃,၄၆၇ ဦး ၊ အောက်တိုဘာ ၉ ရက်တွင် ၃၅၅,၂၄၄ ဦး ရှိခဲ့ရာ ဗဟိုဥရောပ စံတော်ချိန် အောက်တိုဘာ ၁၀ ရက် ၁၅ နာရီ ၄၀ မိနစ်အထိတွင် ကမ္ဘာတစ်ဝန်း ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃၆,၇၅၄,၃၉၅ ဦး ၊ သေဆုံးသူ စုစုပေါင်း ၁,၀၆၄,၈၃၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ယခုကာလများတွင် ဥရောပ၏ ကပ်ရောဂါတစ်ကျော့ပြန် ဖြစ်ပွားခြင်းသည် ကမ္ဘာတစ်ဝန်း နေ့စဉ်ထပ်တိုးလူနာဦးရေ မပြတ် စံချိန်တင်လာခြင်း၏ အဓိက အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း၊ ဥရောပဒေသများ၏ ယခု ၃ ရက်အတွင်း နေ့စဉ်ထပ်တိုးလူနာဦးရေသည် ပျမ်းမျှအားဖြင့် ၁ သိန်း ကျော် ရှိကြောင်း သိရသည်။

လက်ရှိ ကမ္ဘာ့ကပ်ရောဂါ ပျံ့နှံ့မှု အမြန်ဆုံးဒေသများသည် အမေရိကား၊ ဥရောပနှင့်အရှေ့တောင်အာရှဒေသများတွင် ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၁၀ ရက် ကမ္ဘာ့ ကိုဗစ်ထပ်တိုးလူနာဦးရေ ၃သိန်း ၈ သောင်းကျော်၌ အမေရိကတိုက်တွင် ၁၅၀,၂၀၂ ဦး၊ ဥရောပတိုက်တွင် ၁၂၃,၆၈၄ ဦး ၊ အရှေ့တောင်အာရှတွင် ၈၂,၂၇၃ ဦး ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အောက်တိုဘာ ၁၀ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး နိုင်ငံများသည် ကမ္ဘာ့တစ်ဝန်း အတည်ပြုလူနာဦးရေအများဆုံးနိုင်ငံ ၃ နိုင်ငံဖြစ်ပြီး ပျမ်းမျှအားဖြင့် အတည်ပြုလူနာ အရေအတွက် ၅ သန်းကျော်ရှိကြောင်းနှင့် အတည်ပြုလူနာ ၈ သိန်းကျော်သော နိုင်ငံများမှာ ရုရှား၊ ကိုလံဘီယာ၊ စပိန်၊ အာဂျင်တီးနား၊ ပီရူးနှင့် မက္ကဆီကို စသည့် နိုင်ငံများ ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

 
Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.